
ဗီယင်ကျန်း နိုဝင်ဘာ ၉
လာအိုနိုင်ငံတွင် ဆေးဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးမည်ဟု သိရသည်။ ကိုဗစ် - ၁၉ တိုက်ဖျက်ရေးတွင် ပိုမိုကောင်းမွန်သည့် ကာကွယ်ရေးအတွက် ယင်းသို့ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ် ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်ကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပြုလုပ်သွားမည်ဟု သိရသည်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကာကွယ်ဆေးအလုံးရေ ၇၀၀၀၀ ထက်မနည်း ထိုးပေးသွားမည်ဟု သိရသည်။ ဆရာဝန်နှင့် သူနာပြုများမှာ ကိုဗစ် - ၁၉ လူနာများ နှင့် ထိတွေ့မှုအများဆုံးရှိသည့်အတွက် ၎င်းတို့ကို ဦးစားပေးအနေဖြင့် တတိယအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးပေးသွားမည်ဟု သိရသည်။ ဆင်ဟွာ