လာအိုနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုများ ဆက်လက်မြင့်တက်


 

ဗီယင်ကျန်း    နိုဝင်ဘာ    ၉ 


လာအိုနိုင်ငံ၌ နိုဝင်ဘာ ၉ ရက်က ကိုဗစ်-၁၉  ထပ်မံကူးစက် ဖြစ်ပွားသူ  ၁၀၄၉  ဦးရှိပြီး ကူးစက်ဖြစ်ပွားမှုများ ဆက်လက်မြင့်တက်လာခဲ့သည်။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ ၄၈၃၉၁ ဦး ရှိလာပြီ ဖြစ်သည်။ 
နိုင်ငံတစ်ဝန်း လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူအသစ်  ၁၀၄၉  ဦးရှိပြီး  ၇၁၀၇  ဦး  စမ်းသပ်စစ်ဆေးခဲ့ကြောင်း   အတည်ပြုဖော်ပြခဲ့ပြီး  နိုဝင်ဘာ  ၉   ရက်က ပြုလုပ်ခဲ့သော  ဗီယင်ကျန်း သတင်းစာရှင်းလင်းပွဲတွင်  လာအိုကျန်းမာရေးဝန်ကြီးဌာန ကူးစက် ရောဂါ ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ရက်တာနက် ဆေးဖက် ဆိုဘန်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 
အစုလိုက်ကူးစက်ဖြစ်ပွားမှု ၁၀၄၅ ခုတွင် ဗီယင်ကျန်း ၌ ၅၁၂ မှု၊ လွန်ဘရာဗန်၌  ၁၃၇  မှု၊   ဗီယင်ကျန်းပြည်နယ်၌  ၈၆ မှုဖြစ်သည်။ ကူးစက်ဖြစ်ပွားသူများအနက် လေးဦးမှာ  ပြည်ပကူးစက် သူများဖြစ်ကာ ချန်ပါဆက်နှင့်   ဆာဗန်နာခက်ပြည်နယ်တို့မှ   နှစ်ဦးစီဖြစ်ကြောင်း  သိရသည်။ 
ထို့အပြင်  လွန်ခဲ့သော  ၂၄  နာရီအတွင်း   ကိုဗစ်-၁၉  ကြောင့် နောက်ထပ် သုံးဦးထပ်မံသေဆုံးခဲ့ကြောင်း   ရက်တာနက်ဆေးက ထပ်မံပြောကြားလိုက်သည်။ လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံး သူပေါင်း ၈၉ ဦး အထိရှိလာပြီဖြစ်သည်။                               ဆင်ဟွာ