မြို့ရွာများအေးချမ်းသာယာရေး ဝိုင်းဝန်းကူညီ

ယနေ့လက်ရှိ ပြည်သူများ၏  နေထိုင်မှုဘဝများအား  စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် ခြိမ်းခြောက်မှု၊  အနာဂတ်တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေးကို   ထိပါး နှောင့်ယှက်ခြိမ်းခြောက်မှုများသည် ကမ္ဘာပေါ်ရှိပြည်သူများ လုံးဝလက်မခံသည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သည်။  ယနေ့အချိန်အခါတွင်   တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသောအခါ၌ အချို့မြို့ပြကျေးလက် အချို့တွင် ပုန်းခိုလှုပ်ရှားနေသော အကြမ်းဖက်သမားများက အလစ်အငိုက်တိုက်ခိုက် ဖျက်ဆီးနေကြသည်။ 

နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးရေးနှင့် စစ်မှန်သည့်ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေးကို နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်လျက်ရှိရာတွင် အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် CRPH နှင့် NUG တို့က ၎င်းတို့အာဏာ ရရှိရေးအတွက် တိုင်းပြည်မတည်ငြိမ်ရေး၊ အုပ်ချုပ်ရေးယန္တရား မလည်ပတ်စေရေး၊ ပြည်ပမှဖိအားများ များလာစေရေး ရည်ရွယ်ချက်ဖြင့် ပြည်တွင်းမှအစွန်းရောက် ပါတီဝင်များ၊ ဝန်းရံသူများ၊ အမျိုးသားသစ္စာဖောက်များအား ထောက်ပံ့လှုံ့ဆော်အားပေးလျက်ရှိသည်။ ၎င်းတို့သည် ပြည်ပမှ CRPH နှင့် NUG တို့ လမ်းညွှန်ထောက်ပံ့ မှုဖြင့် ပတ်ဝန်းကျင်မှ အာဃာတအစွဲကြီးသူများ၊ အသိမဲ့လူငယ်များ၊ ရန်ငြိုးရန်စ ရှိသူများ၊ လူဆိုးလူမိုက်နှင့်ဒုစရိုက်သမားများကို စည်းရုံးသိမ်းသွင်း ထောက်ပံ့ပေးပြီး အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။


နိုင်ငံရေးလုပ်သည်မှာ အကြမ်းဖက်သတ်ဖြတ်ခြင်းအလုပ်မဟုတ်ပေ။ အကြမ်း ဖက်သတ်ဖြတ်ခြင်းမှာ   လူဆိုးလူမိုက်၊   အစွန်းရောက်များ၏အလုပ်ဖြစ်သည်။ သို့သော် ၎င်းတို့အာဏာရရှိရေးအတွက် ပြည်သူ့အာဏာ ပြည်သူများအား ပြန်လည် ပေးအပ်ရေးဟု ပြည်သူများအားလှည့်စားပြီး အာဏာရရေးကြိုးပမ်းနေမှုများကို မြင်တွေ့နေရသည်။ အောက်တိုဘာလ ၂၄ ရက်က အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အအုံများကို မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်း ဖက်လုပ်ငန်းများကို ပြုလုပ်ခဲ့သည့် ယခင် ၈၈ မျိုးဆက်၊  ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးတာဝန်ခံ၊ ယခုအကြမ်းဖက် CRPH နှင့် NUG တို့၏ နိုင်ငံရေးနှင့်လုံခြုံရေးအကြံပေး ကျော်မင်းယု (ခ) ဂျင်မီအား အကြမ်းဖက် လက်နက်များနှင့် ဖမ်းဆီးရမိလိုက်ရာ ဒီမိုကရေစီနိုင်ငံရေး အရေခြုံထားသူများ၏ အတွင်းသရုပ်နှင့် ဇာစ်မြစ်ကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အယောင်ပြလှုပ်ရှားကြသူများသည် လူမှုဘဝ ပတ်ဝန်းကျင်နယ်ပယ်တွင် စည်းရုံးလှုပ်ရှားမှုများကို အစောပိုင်းကာလကတည်းက အကွက်ချစီမံကာ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာသဖြင့်  ပြည်ပအထောက်အပံ့များဖြင့် ပြည်တွင်းအဖျက်လုပ်ရပ်များကို ကာလရှည်ကြာလုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ၎င်းတို့သည် ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ယခုကာလအထိ မြို့တွင်း၌ ဟန်မပျက်နေထိုင်ပြီး ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် CDM လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်လာစေရေးအတွက် သတင်းမီဒီယာများနှင့်ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော် မှုများပြုလုပ်ခဲ့သည်။ ဧပြီလတွင် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ပြီးနောက် ဖောက်ခွဲ ဖျက်ဆီးရေး၊  လက်နက်ကိုင်တိုက်ခိုက်ရေးနှင့်    လုပ်ကြံသတ်ဖြတ်ရေးတို့ကို ဆောင်ရွက်ရန် ရန်ကုန်မြို့တွင် အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် CRPH နှင့် NUG အဖွဲ့က ထောက်ပံ့ပေးသည့် ငွေကြေးနှင့် လက်နက်ပစ္စည်းများဖြင့် မြို့နယ်များအတွင်း၌ အကြမ်းဖက်ဖောက်ခွဲလူသတ်မှုများ ပြုလုပ်ခဲ့သည်။ 
မြို့ရွာများ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက အကြမ်း ဖက်သမားများကို ရှာဖွေဖမ်းဆီးခဲ့ရာ ၎င်းအဖွဲ့နှင့်ဆက်စပ်အဖွဲ့များမှ အကြမ်းဖက် သမားများနှင့် လက်နက်ခဲယမ်းပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။ သို့သော် အကြမ်း ဖက်သမားများအတိုင်းအတာတစ်ခုရှိနေဦးမည်ဖြစ်ရာ    ထိုသို့ရှိနေရခြင်းသည် အကြမ်းဖက်ထောက်ပံ့ရေးလမ်းကြောင်းနှင့်   အသိမဲ့သောမကောင်းမှုဒုစရိုက်မှု ကျူးလွန်နိုင်သူများရှိနေသောကြောင့်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြမ်းဖက်သမားများ အမြစ် ပြတ်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သမား များအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။ အကြမ်းဖက်သမားအမြစ်ပြတ်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်နှင့်  ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများသို့ လျှို့ဝှက်စွာသတင်းပေးနိုင်ကြောင်း အသိပေးထား ပြီးဖြစ်သည်။ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအားလည်း လျှို့ဝှက်စွာဖြင့် ထိုက်တန်စွာဆုငွေချီးမြှင့်ပေးမည်ဖြစ်သည်။  သို့ဖြစ်ရာ   မြို့ရွာများအမြန်ဆုံး တည်ငြိမ်အေးချမ်းပြီး ပြည်သူများ စိတ်အေးချမ်းသာစွာနေနိုင်ရေးအတွက် ပြည်သူ လူထုတစ်ရပ်လုံး  ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ် ပါကြောင်း။    ။