
တိုကျို နိုဝင်ဘာ ၉
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် ဒေသတွင်း စီးပွားရေး ပြန်လည်ဦးမော့လာစေရေး ကြိုးပမ်းမှုများတွင် နီးကပ်စွာ အတူတကွပူးပေါင်းဆောင်ရွက်ကြရန် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်)ဖိုရမ်၏ အဖွဲ့ဝင်များ အား ဂျပန်နိုင်ငံစီးပွားရေးဝန်ကြီး ကိုအိချီက တောင်းဆိုခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ စီးပွားရေးဝန်ကြီး ကိုအိချီသည် ယမန်နေ့တွင် အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သည့် အေပက်ဝန်ကြီးများဆိုင်ရာ အစည်းအဝေးတွင် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နှစ်ရက်ကြာ ကျင်းပပြလုပ်သည့် အဆိုပါအစည်းအဝေးသည် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ သည့် ဒေသတွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေရေးကို အဓိကဦးတည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မရှိမဖြစ်လိုအပ်
လွတ်လပ်၍တရားမျှတသော စီးပွားရေးစနစ်ထူထောင်ရေး သည် စီးပွားရေးပြန်လည်ဦးမော့လာရေးတွင် မရှိမဖြစ်လိုအပ် မည်ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံစီးပွားရေးဝန်ကြီး ကိုအိချီက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အလင်းသစ်