
တိုကျို နိုဝင်ဘာ ၉
ဂျပန်လေကြောင်းလိုင်း (JAL)သည် အမေရိကန်နိုင်ငံသို့ သွားရောက်မည့် ခရီးသည်များ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် စစ်ဆေးခြင်းကို ယနေ့ စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝင်ရောက်ခွင့်ပြု
အဆိုပါ စစ်ဆေးခြင်းကို အမေရိကန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ခရီးသည်များအား နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ပြီးနောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံသို့ ဂျပန်လေကြောင်းလိုင်း (JAL) ဖြင့် သွားရောက်မည့် ခရီးသည်များအနေဖြင့် စမတ်ဖုန်းတွင် ထည့်သွင်းထားသော ဉာဏ်ရည်တု နည်းပညာသုံး အက်ပလီကေးရှင်းမှတစ်ဆင့် မိမိတို့၏ ဓာတ်ပုံနှင့်ကိုယ်ရေး အချက်အလက်များအား ပေးပို့ရမည်ဖြစ်ပြီး ၎င်းအချက် အလက်များအား တာဝန်ရှိသူများက စစ်ဆေးသွားမည်ဖြစ်သည်။ ၎င်းအက်ပလီကေးရှင်းဖြင့် စစ်ဆေးခြင်းအားဖြင့် သက်ဆိုင်ရာ ခရီးသည်များသည် အမေရိကန်နိုင်ငံသို့ ခရီးသွားလာရန် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများအား လိုက်နာ ဆောင်ရွက်ထားခြင်းရှိ၊ မရှိ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည် ဖြစ်သည်။
ဂျပန်လေကြောင်းလိုင်းအနေဖြင့် ပြည်ပခရီးစဉ်များအား ပိုမိုပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူအက်ဆူနိုမီရာ ဆာအိုယီက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ