တရုတ်နိုင်ငံမှ ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဖိလစ်ပိုင် ပိုမိုလက်ခံရရှိ

 

မနီလာ   နိုဝင်ဘာ   ၁၀ 


ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံမှ ဝယ်ယူထားသော      နောက်ထပ် ဆီနိုဗက်   ကိုရိုနာဗက်ကာကွယ် ဆေးအသုတ်တစ်သုတ်ကို နိုဝင် ဘာ ၁၀ ရက်က လက်ခံရရှိခဲ့သည်။ 

 


တရုတ်နိုင်ငံသည်    ကိုရိုနာ ဗက်        ကာကွယ်ဆေးများကို ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက ဖိလစ်ပိုင်နိုင်ငံသို့  ပေးပို့ခဲ့သည်။  တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ သို့    ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထောက်ပံ့သည့်   ပထမဆုံး နိုင်ငံလည်းဖြစ်သည်။ 

 


ဖိလစ်ပိုင်           နိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ၆၅ သန်း နီးပါးကို    ထိုးပေးခဲ့သည်။    နိုင်ငံ့ လူဦးရေ သန်း ၃၀ နီးပါး ကိုဗစ်-၁၉ ကာကွယ်ဆေး   နှစ်ကြိမ်အပြည့် အဝထိုးနှံပြီးပြီဖြစ်သည်။ ယခုနှစ် တွင် သန်း ၁၁၀ ရှိသည့် နိုင်ငံလူဦး ရေ ၇၀ ရာခိုင်နှုန်းအထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် အစိုးရ က ရည်ရွယ်ထားသည်။ 

 

ယနေ့အချိန်အထိ  ဖိလစ်ပိုင် နိုင်ငံသည်       ကာကွယ်ဆေး ထုတ်လုပ်သူများထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၁၃ သန်းကျော် လက်ခံရရှိခဲ့သည်။      တရုတ်နိုင်ငံ သည် အကြီးဆုံး ကာကွယ်ဆေး ထောက်ပံ့ပေးသည့်        နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ 

 


ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂ ဒသမ ၈သန်း ကျော်ရှိလာခဲ့ပြီး   ၄၄၅၆၇   ဦး သေဆုံးခဲ့သည်။            

ဆင်ဟွာ