ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၆၄၆ ဦး ထပ်မံတွေ့ရှိ

မနီလာ   နိုဝင်ဘာ   ၁၀


ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၂၆၄၆ ဦး ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၈၀၉၃၁၁ ဦးရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ 


ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ၉၉ ဦး ထပ်မံသေဆုံးခဲ့ သဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၄၆၆၅ ဦး ရှိလာကြောင်း သိရသည်။   မနီလာမြို့ပြဒေသ၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ကျဆင်းလာသဖြင့် တာဝန်ရှိသူများက  အသွားအလာကန့်သတ်မှုများ ဖြေလျှော့ခဲ့သည်။ 

နိုင်ငံအတွင်း လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုများကို      အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။ နိုင်ငံအတွင်း၌ စက်တင်ဘာလအတွင်းက ဒယ်လ်တာ ဗီဇပြောင်း  ဗိုင်းရပ်စ်ကူးစက်မှုများ များပြားလာပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းဖြစ်ပွားခဲ့သည်။ လူဦးရေ သန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံ၌ ၂၂ သန်းအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးဖြစ်သည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ