
လင်းဟန်သစ်
အခုဆိုရင် ပြင်သစ်နိုင်ငံဟာ ကိုဗစ်-၁၉ ပဉ္စမ အကျော့ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရတဲ့အတွက် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ကိုဗစ်-၁၉ ဆောင်ရွက်ချက်တွေကို ဖြေလျှော့ပေးဖို့ ရွှေ့ဆိုင်း လိုက်ပါတယ်။
ပိုပြီးအာရုံစိုက်ရမယ်
ကိုဗစ်-၁၉ ကပ်ရောဂါက မပြီးဆုံးသေးဘူးလို့ နိုင်ငံကို ပြောလိုက်တဲ့ သူ့ရဲ့မိန့်ခွန်းမှာ ဖော်ပြထားပါ တယ်။
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တခြားဆောင်းတွင်း မှာ ကူးစက်ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ခုခံ ကာကွယ်နိုင်ဖို့ ပိုပြီး အာရုံစိုက်ရတော့မယ်လို့ မက်ခရွန်က ပြောပါတယ်။ မိမိတို့အနေနဲ့ မိမိတို့ရဲ့ ဆောင်ရွက်ချက်တွေကို အနည်းငယ်ဖြေလျှော့ထား ပါတယ်။ သို့သော်လည်း ဒါကပုံမှန်ပဲဖြစ်ပါတယ်။ အခုတော့ ဒီလိုမရတော့ပါဘူး။ မိမိတို့အနေနဲ့ နောက်တစ်ကြိမ်ပြန်လည်ပြီး အရှိန်အဟုန်ပြန်လည် မြှင့်တင်ရပါတော့မယ်လို့ သူကပြောပါတယ်။
အပိုဆောင်းကာကွယ်ဆေးထိုးနှံမှုတွေ
လုပ်ထားရမယ်
ကျန်းမာရေးကင်းလွတ်မှုဆိုင်ရာ ထိန်းချုပ်မှု တွေကို လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ ဘူတာရုံတွေ အပါအဝင် စိုးရိမ်ဖွယ်အခြေအနေလို့ ယူဆရမယ့် အဆောက်အအုံတွေမှာ အသေအချာပြန်လုပ်ရတော့ မယ်လို့ မက်ခရွန်က ဆက်ပြောပါတယ်။
ဒါ့အပြင် အသက် ၆၅ နှစ်နဲ့ အထက်တွေနဲ့ အားအနည်းဆုံးသူတွေကို ဒီဇင်ဘာ ၁၅ ရက်ကစပြီး ကျန်းမာရေးကင်းလွတ်ခွင့် သက်သေအထောက် အထားပြနိုင်ဖို့ အပိုဆောင်းကာကွယ်ဆေး ထိုးနှံ မှုတွေ လုပ်ထားရလိမ့်မယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးထိုးပြီးသူ သန်း ၁၀၀ ကျော်ရှိ
ပြင်သစ်အစိုးရအကြီးအကဲက ပြင်သစ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ဆန့်ကျင်တိုက်ဖျက်ရေးမှာ ကျန်းမာရေး ကင်းလွတ်ခွင့်ရဲ့ အခန်းကဏ္ဍကို ထပ်မံအတည်ပြု ပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လ ကတည်းက အကောင်အထည်ဖော်ခဲ့တဲ့ ကျန်းမာ ရေးကင်းလွတ်ခွင့်နဲ့ မဟာဗျူဟာတွေကို ကျေးဇူး တင်ကြောင်းနဲ့ မိမိတို့တွေ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သူက ထပ်လောင်းပြောကြား လိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးလှုပ်ရှားမှု စတင်ချိန်ကစပြီး ပြင်သစ်နိုင်ငံမှာ ၁၀ လအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ သန်း ၁၀၀ ကျော် ရှိပါတယ်။ လူဦးရေ ၅၁ သန်း ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပြီဖြစ်ပါတယ်လို့ မက်ခရွန်က ထပ်မံပြော ကြားခဲ့ပါတယ်။
အသက် ၅၀ နဲ့ ၆၄ နှစ်တွေ ဒီဇင်ဘာလမှာ
အပိုဆောင်းကာကွယ်ဆေး ထိုးရမယ်
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ခြောက်လ အကြာမှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ထိုးဖို့ မက်ခရွန်က ပြည်သူတွေကို တိုက်တွန်း ထားပါတယ်။ ခုခံအားနည်းခြင်းရဲ့ အဖြေကတော့ ကျွန်တော်တို့အနေနဲ့ နောက်ထပ် အပိုဆောင်း ကာကွယ်ဆေးထိုးဖို့ပဲဖြစ်ပါတယ်လို့ သူက ပြောပါ တယ်။
အသက် ၆၅ နှစ်နဲ့အထက်ပိုင်းတွေကို ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံမှုတွေကို လုပ်ပေးခဲ့မှုနဲ့အတူ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ် ဆေးထိုးနှံမှုဆိုင်ရာ လှုပ်ရှားမှုတွေကို အသက် ၅၀ နဲ့ ၆၄ နှစ်ကြားမှာရှိသူတွေကို ဒီဇင်ဘာလမှာ စတင်ပြီး လုပ်ပေးတော့မှာဖြစ်ပါတယ်။
ကာကွယ်ဆေးမထိုးထားတဲ့သူတွေ
ကာကွယ်ဆေးထိုးရမယ်
ပြင်သစ်သမ္မတက ပုံမှန်ဘဝမျိုးဖြင့် ရှင်သန် နေထိုင်သွားဖို့ ကာကွယ်ဆေးမထိုးထားရသေးတဲ့ ပြည်သူခြောက်သန်းကိုလည်း ကိုဗစ်-၁၉ ကာကွယ် ဆေးတွေ ထိုးနှံထားဖို့ တိုက်တွန်းထားပါတယ်။
ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အလိုအပ်ဆုံးကို လုပ်ဆောင်ထားဖို့လိုကြောင်း၊ တစ်ယောက်ချင်းစီက ကိုယ်စီကိုယ်င ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ် ထားရင် မိမိတို့အနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ဆက်လက်ပြီး ကာကွယ်ထိန်းချုပ်သွားနိုင်မှာဖြစ် တယ်လို့ မက်ခရွန်က ပြောပါတယ်။
အဆုံးသတ်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေမြင့်တက်နေ
ပြင်သစ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ နောက်တစ်ကြိမ် ထပ်မံမြင့်တက်လာမှုအပေါ် သတိ ပေးချက်တွေ ထွက်ပေါ်နေတာနဲ့အညီ ကိုဗစ်-၁၉ ပဉ္စမအကျော့ရိုက်ခတ်မှုကို ခံစားနေရတဲ့ ပြင်သစ် နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အဆုံးသတ် ပါ့မလားဆိုပြီး စိုးရိမ်မှုတွေလည်း မြင့်တက်နေ တယ်လို့ ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗီရန်က TF1 ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြား ထားပါတယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေလိုပဲ ကိုဗစ်-၁၉ ရဲ့ ရေချိန်ကတော့ မြင့်တက်နေပြီလို့ ဗီရန်က ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၁၈၈၃ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ မှတ်တမ်းမှတ်ရာတွေအရ သိရပါ တယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၀၀၀ ကျော် အထက် ရောက်ရှိခဲ့တဲ့ ဒုတိယနေ့ဖြစ်ပါတယ်။ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာ အောက်တိုဘာ လလယ်လောက်ကတည်းက နှစ်ဆတိုးဂဏန်း တွေနဲ့ တစ်ပတ်ပြီးတစ်ပတ် မြင့်တက်လာခဲ့ပါတယ်။
အခါတိုင်းနဲ့မတူဘဲ သတိပိုထားရမယ်
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှုန်းတွေ မြင့်တက် လာတဲ့အတွက် အသက် ၆၅ နှစ်နဲ့အထက် အသက် ကြီးသူတွေအနေနဲ့ စားသောက်ဆိုင်တို့၊ ယဉ်ကျေးမှု ပွဲလမ်းသဘင်တွေကို သွားချင်လာချင်တဲ့အခါမှာ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံထား တယ်ဆိုတဲ့ သက်သေခံအချက်အလက်တွေ ပြသဖို့ လိုနေပြီလို့ ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ ဒီအချိန်မှာကတော့ အခါတိုင်း အချိန်တွေနဲ့မတူဘဲ ပိုပြီးသတိထားရမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ အန္တရာယ်ရော၊ ဆောင်းတွင်းမှာ ဖြစ်ပွား တတ်တဲ့ တခြားကူးစက်ရောဂါတွေကိုရော သတိ ထားပြီး ကာကွယ်ကြရဦးမှာ ဖြစ်ပါတယ်။
ကိုးကား - အေအက်ဖ်ပီ၊ ဆင်ဟွာ