ဂျပန်နိုင်ငံ၌ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးမည်

တိုကျို   နိုဝင်ဘာ   ၁၁


Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အပိုထပ် ဆောင်းထိုးနှံပေးမည့်   အစီအစဉ်တွင်  အသုံးပြုရန် ဂျပန်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည်   ဂျပန်နိုင်ငံတွင်  အပို ဆောင်းထိုးနှံခွင့်ပြုသည့် ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည်။ 


အဆိုပါ  ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေး မည့်အစီအစဉ်တွင်  လွန်ခဲ့သော  ရှစ်လအတွင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီး သူများအား ဦးစားပေးထိုးနှံပေးမည်ဖြစ်သည်။ နိုင်ငံ အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ဒီဇင်ဘာလ မှစတင်၍  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးမည်ဖြစ်ပြီး သက်ကြီးရွယ်အိုများ အား   ၂၀၂၂  ခုနှစ်  ဇန်နဝါရီတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    အပိုဆောင်းထိုးနှံပေးမည်ဖြစ် ကြောင်း  သိရသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ အသက် ၁၂ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံရန် သတ်မှတ် ထားပြီး အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအား ကာကွယ်ဆေး    အပိုဆောင်းထိုးနှံခြင်းခံယူရန် သတ်မှတ်ထားသည်။


သို့ရာတွင် Pfizer ဆေးဝါးကုမ္ပဏီမှ ၎င်းဆေးဝါး နှင့်ပတ်သက်၍ အသက်ငယ်ရွယ်သူများအား ထိုးနှံ ရာ၌ ဘေးကင်းလုံခြုံမှုရှိကြောင်း  အချက်အလက်များ ထပ်မံတင်ပြလာပါက   Pfizer   ကာကွယ်ဆေးအပို ဆောင်းထိုးနှံမှုခံယူနိုင်သည့်     အသက်အရွယ်ကို လက်ရှိသတ်မှတ်ထားသည့် အသက်ထက်လျှော့ချ၍  သတ်မှတ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က  ပြောကြားသည်။ ထို့ပြင် နိုင်ငံအတွင်း ၂၀၂၂ ခုနှစ် မတ်လမှစတင်၍   Moderna   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား    စီးပွားရေးလုပ်ငန်းများနှင့် တက္ကသိုလ်များတွင်     အပိုဆောင်းထိုးနှံပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ