အီရန်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၉၄၈ ဦး ထပ်မံတွေ့ရှိ

တီဟီရန်   နိုဝင်ဘာ    ၁၁ 


အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၄နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၉၄၈ ဦးအား ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆၀၁၂၄၀၈ ဦး ရှိလာ သည်။ 
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၃၅ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံး သူပေါင်း ၁၂၇၆၈၆ ဦးရှိလာကြောင်း အီရန်ကျန်းမာ ရေးနှင့် ဆေးပညာဝန်ကြီးဌာန၏ ကိန်းဂဏန်းများ အရ သိရသည်။ 


သို့သော် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၅၆၄၃၃၈၁ ဦးရှိသည်။ 
လူနာ  ၃၆၁၆  ဦးသည်  အထူးကြပ်မတ်ကုသ ဆောင်များတွင်   ကျန်းမာရေးစောင့်ရှောက်မှုခံယူ လျက်ရှိသည်။ 
လက်ရှိအချိန်အထိ ပြည်သူ ၅၅၄၈၄၃၃၇ ဦး သည် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ပြီး ပြည်သူ ၄၀၈၂၉၆၅၇ ဦးသည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ်သည်။


နိုင်ငံတစ်ဝန်း၌ ပြည်သူ ၃၆၆၁၁၃၉၈ ဦးအား ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်