Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အရေးပေါ်သုံးစွဲရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတည်ပြု

ဂျီနီဗာ   ဒီဇင်ဘာ  ၁၉


အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့်     Novavax မှ ထုတ်လုပ်သည့် Novavax ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးအား အရေးပေါ်သုံးစွဲရန် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က    အတည်ပြုလိုက် ကြောင်း သိရသည်။ 


အစွမ်းထက်ထိရောက်မှုရှိ


၎င်းကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်  အစွမ်းထက်ထိရောက်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာ တွေ့ရှိခဲ့ပြီးနာက် ယခုကဲ့သို့အရေး ပေါ်သုံးစွဲရန် အတည်ပြုခဲ့ကြောင်း သိရသည်။ 


Novavax    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား  သာမန်ရေခဲ သေတ္တာများ၌       သိုလှောင် သိမ်းဆည်းနိုင်သဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၌        သုံးစွဲရန် သင့်တော်ကြောင်း       သိရသည်။ Novavax       ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထောက်ပံ့ရေး အစီ အစဉ်ဖြစ်သည့် COVAX ၏ ပံ့ပိုး ကူညီမှုဖြင့်    ထုတ်လုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။  ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး      ထောက်ပံ့ရေး အစီအစဉ်ဖြစ်သည့်   COVAX သည် ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး            အလုံးရေ နှစ်ဘီလီယံကို   ဖြန့်ဖြူးနိုင်ရန် လျာထားခဲ့သော်လည်း  ဖွံ့ဖြိုးပြီး နိုင်ငံများ၏   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး   လှူဒါန်းမှုများ ရပ်ဆိုင်းထားသဖြင့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၇၀၀ ကိုသာ    ဖြန့်ဖြူးပေးနိုင် ခဲ့ကြောင်း သိရသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ