နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များလှူဒါန်း

နတ်မောက် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့နယ်    လူထုအခြေပြုဗဟိုဌာန (Community Centre) စာကြည့်တိုက်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေနှင့် အဖွဲ့ဝင်များက မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာဖတ်ပရိသတ်များ စာအုပ်စာစောင်များစုံလင်စွာ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ အမျိုးသမီးရေးရာမဂ္ဂဇင်း၊ မေတ္တာစမ်းရေမဂ္ဂဇင်း စသည့်သုတ/ ရသစာအုပ်များကို လာရောက်လှူဒါန်းရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ဥမ္မာခင်က လက်ခံယူခဲ့သည်။                                                  
သိမ့်သိမ့်မိုး