
တိုင်းရင်းသားလူမျိုးအချင်းချင်း၊ ဘာသာတရားအချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်ဆောင်နေတာကို သတိချပ်ဖို့လို
ထန်တလန်မြို့ ခရစ်ယာန်အသင်းတော်မှသင်းအုပ်ဆရာ သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့သည် -
ဒီသတင်းကတော့ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မဟုတ်မမှန် သတင်းများထုတ်လွှင့်ပေးနေတဲ့ ပြည်ဖျက် မီဒီယာအချို့မှာပါ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ ထုံးစံအတိုင်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမကျေးရွာ
မှာ မီးရှို့တယ်ဆိုတဲ့ကိစ္စတွေ စသဖြင့် မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေကျဖြစ်တဲ့ ခေတ်သစ်မီဒီယာကနေပြီး စတင်ထုတ်လွှင့် ခဲ့တာကို တွေ့ရပါတယ်။
ဖြစ်စဉ်အမှန်ဒီသတင်းမှာတော့ ထန်တလန်မြို့မှာ ၁၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပြီး ခရစ်ယာန်အသင်းတော်က သင်းအုပ်ဆရာ ပါစတာကျုံးဗျက် ဟုမ်းနှင့်ပတ်သက်၍ တပ်မတော်ကပစ်တဲ့ ကျည်ထိမှန်သေဆုံးသွား တယ်ဆိုတဲ့ကိစ္စတွေ ဒါတွေကိုထုတ်လွှင့်ခဲ့တာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကတော့ စက်တင်ဘာလ ၁၈ ရက် နေ့ ညနေ ၄ နာရီနဲ့ ၄နာရီခွဲလောက်မှာ နယ်မြေလုံခြုံရေး တာဝန်ယူ နေတဲ့အဖွဲ့တွေက ထန်တလန်မြို့မှာ လှည့်ကင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့ရာ ထန်တလန်မြို့ အမှတ်(၁) ရပ်ကွက်ကိုရောက်ရှိ နေတဲ့ အချိန်မှာ PDF အမည်ခံ အကြမ်းဖက်သောင်းကြမ်းသူ အင်အား ၁၀၀ လောက်က မြို့ထဲ၊ ရပ်ကွက်ထဲ၊ အိမ်တွေထဲကနေပြီး စောင့်ကြို တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီး အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါ တယ်။ အဲဒီလိုဖြစ်ပွားပြီးခဲ့တဲ့အချိန်မှာပဲ အကြောင်းရင်းစိစစ်လိုက် တဲ့အခါ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ နေအိမ် အလုံး ၂၀ နဲ့ ဆောက်လုပ်ရေးဦးစီးဌာနပိုင် လမ်းဦးစီးရိပ်သာ သုံးထပ် အဆောက်အအုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဲဒီ မီးလောင်မှု ဖြစ်ပွားတဲ့နေရာကို ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်မှာ နေထိုင်တဲ့ ထန်တလန်ရာပြည့်နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းက သူ့အိမ်ကနေဆိုင်ကယ်နဲ့ထွက်ခွာပြီး အမှတ် (၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ထားထားဆေးဆိုင်အနီး ရောက်ရှိစဉ်မှာ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စတင်တိုက်ပွဲဖြစ်ပွားတဲ့အချိန်က ညနေ ၄ နာရီကနေ ၄ နာရီ ၂၅ အထိဖြစ်ပါတယ်။ သူကျည်ထိမှန်သေဆုံးတဲ့အချိန်က ညနေ ၆ နာရီဖြစ်ပါတယ်။ သူ့ကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့ ၁၂ နာရီ မှာ ထန်တလန် အမှတ်(၂)ရပ်ကွက် ထန်တလန်သင်္ချိုင်းမှာ ခရစ်ယာန် ဘာသာရေးဆရာများဦးစီးပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းမှာ ခုနကပြောတဲ့ မဟုတ်မှန်သတင်း တွေ ထွက်လာတာပဲဖြစ်ပါတယ်။ ဖြစ်စဉ်အမှန်ကတော့ ယခုအတိုင်း ပဲဖြစ်ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ ထန်တလန်မြို့တွင် ဖြစ်ပွား ခဲ့တဲ့ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေက ထန်တလန် မြို့အတွင်းမှာရှိတဲ့ လူနေအိမ်တွေကို အကာအကွယ်ယူပြီးတော့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီကျည်ထိမှန် သေဆုံးခြင်းနှင့်ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
ဒီနေရာမှာ တပ်မတော်က ပစ်ခတ်တယ်ဆိုပြီး တစ်ဖက်သတ် စွပ်စွဲတာတွေပြီးရင် လက်စွပ်တွေ ယူသွားတယ်၊ နာရီတွေယူသွားတယ် ဆိုတဲ့ မဟုတ်မှန်သတင်းတွေ ထုတ်လွှင့်နေတာတွေ တွေ့ရပါတယ်။ ဒီထုတ်လွှင့်ချက်တွေနဲ့အတူ ချင်းပြည်နယ်၊ ချင်းခရစ်ယာန်အဖွဲ့ချုပ်က စက်တင်ဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့လည်း သဘောထားထုတ်ပြန်ခဲ့တဲ့ အကြောင်းအရာတွေ တွေ့ရတယ်။ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ကလည်း သူတို့ရဲ့သဘောထား ထုတ်ပြန်ချက်တွေကို ထုတ်နေ တာကိုလည်း တွေ့ရပါတယ်။ အဲဒီအထဲမှာတော့ ကျွန်တော်ပြောခဲ့တဲ့ သတ်ဖြတ်ခံရတာတွေ၊ ဘာသာရေးအဆောက်အအုံကို ပျက်စီးစေခြင်း တို့ ဒီလိုမျိုးစွပ်စွဲချက်တွေ စွပ်စွဲထားတာ တွေ့ရပါတယ်။ သင်းအုပ်ဆရာ သေဆုံးသွားခြင်းကတော့ ခုနကပြောခဲ့တဲ့ အကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။
ဒီနေရာမှာကျွန်တော်ပြောချင်တာက NUG၊ CRPH အကြမ်းဖက် အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ မငြိမ်မသက်ဖြစ်အောင်၊ တည်ငြိမ်အေးချမ်းမှုထိခိုက်အောင်အတွက် ဆောင်ရွက်လျက်ရှိတယ်။ လဆန်းပိုင်း ၇ ရက်နေ့တုန်းက ပိုပြီးတော့မှ ပဋိပက္ခတွေဖြစ်ပွားလာ အောင် မြှောက်ပင့်ပေးတဲ့ကြေညာချက်မျိုးထုတ်ခဲ့တာ တွေ့ရတယ်။ အဲဒီနောက်ပိုင်းမှာလည်း ချင်းပြည်နယ် အချို့နေရာတွေမှာ မငြိမ် မသက်မှုတွေဖြစ်ပွားလာတာ တွေ့ရပါတယ်။ ချင်းပြည်နယ် ထန်တလန်ဘက်မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းတစ်ခု ဖြစ်တဲ့ လုံတဲစခန်းကို အကြမ်းဖက် ၄၀၀ လောက်နဲ့ ဝိုင်းတိုက်တဲ့ဖြစ်စဉ် မျိုးတွေဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ ပတ်သက်ပြီး ယခုနောက်ပိုင်းမှာ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် CBC နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တို့ရဲ့ ထုတ်ပြန်ချက် တွေကိုလည်းတွေ့ရပါတယ်။
မလုပ်သင့်တဲ့လုပ်ငန်းတွေ
ဒီထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး အဓိကပြောချင်တာရယ်၊ အဖြစ်အမှန်နဲ့ပတ်သက်ပြီး ပြောချင်တာရယ် အဓိကကတော့ ဘာသာ ရေးဘက်ကို ဦးတည်နေတာကို တွေ့ရပါတယ်။ ဒါဟာ အန္တရာယ်များ တဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါတွေဟာ မလုပ်သင့်တဲ့လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄ အရ လွတ်လပ်စွာကိုးကွယ်စောင့်တည်နိုင်တဲ့ အခွင့် အရေးကို အညီအမျှရရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာရေးနဲ့ ပတ်သက်လာလို့ရှိရင် အခြေခံဥပဒေမှာ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ တို့မှာ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။
နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ ကို ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့တွင် နိုင်ငံတော်တွင် ရှိနေသော ကိုးကွယ်ရာ ဘာသာများအဖြစ် အသိအမှတ်ပြုပြီးလို့ ပုဒ်မ ၃၆၂ မှာပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ပုဒ်မ ၃၆၃ မှာတော့ နိုင်ငံတော် သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင် သမျှ ကူညီစောင့်ရှောက်မည်လို့ အတိအလင်းပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုးကွယ် ရာ ဘာသာပေါင်းစုံနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပြည်ထောင်စု နိုင်ငံဖြစ်ပါတယ်။
ဒီဖြစ်စဉ်တစ်ခုကို အခြေခံပြီး ဘာသာရေးသွေးခွဲမှု ပဋိပက္ခ အသွင်ဖန်တီးလာတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မလုပ်ဆောင်သင့်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောချင်ပါတယ်။ နိုင်ငံတော် အနေနဲ့ရော တပ်မတော်အနေနဲ့ရော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အစိုးရအဖွဲ့မဖြစ်ခင်ကတည်း က ဘာသာပေါင်းစုံကို အားပေးတာတွေ၊ ဘာသာပေါင်းစုံနဲ့ပတ်သက်ပြီး ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဘာသာ သာသနာ နဲ့ ပတ်သက်ပြီး အားပေးတာတွေ၊ ဆောင်ရွက်တာတွေ လုပ်ဆောင် လျက်ရှိပါတယ်။ အဲဒီလို လုပ်ဆောင်လျက်ရှိတဲ့နေရာမှာ ကျွန်တော် တို့အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်ထက်ကတည်းက ခရီးစဉ်တွေ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေမှာ အမြဲတမ်း တက်ရောက်တာတွေ တပ်မတော်ကနေ အားပေးကူညီတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။
ခွဲခြားမှုမရှိ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း တာဝန် ထမ်းဆောင်နေချိန်ကာလမှ လက်ရှိကာလအထိ နိုင်ငံအတွင်းမှာ ဒေသအနှံ့အပြားကို သွားရောက်တဲ့အချိန်မှာ ဘာသာရေး၊ လူမှုရေး ခွဲခြားမှုမရှိဘဲ သက်ဆိုင်ရာ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာတွေ၊ ကူညီထောက်ပံ့တာတွေ၊ ဆွေးနွေးတာတွေကို အကြိမ်များစွာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ခရစ္စမတ်အချိန်တိုင်း ရန်ကုန်ဗိုလ်တထောင်မှာရှိတဲ့ စိန်မေရီကယ်သီဒြယ်ဘုရားရှိခိုး ကျောင်းကို အမြဲတမ်းရောက်ရှိပါတယ်။ ခရစ္စမတ်ပွဲတော်နေ့နဲ့ ပတ်သက်ပြီး နှုတ်ခွန်းဆက်စကားများ အမြဲတမ်းပြောဆိုခဲ့ပါတယ်။ အဲဒီအထဲက သိမှတ်ဖွယ်ရာလေး တစ်ခုကို နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့တဲ့မူရင်းစကားအတိုင်း ပြန်လည်ပြောချင်ပါတယ်။
ဒါကတော့ “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် ၃ ဒသမ ၂ သန်းခန့်ရှိပြီး လူဦးရေရဲ့ ၆ ရာခိုင်နှုန်းခန့်ရှိပါတယ်။ မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံးကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်၊ မူဆလင်၊ ဟိန္ဒူနှင့် အခြားဘာသာဝင်များဟာ နှစ်ပေါင်း များစွာကတည်းက အချင်းချင်းစည်းလုံးညီညွတ်စွာ အမိနိုင်ငံတော်ကြီး ကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ဘာသာတရားအသီး သီးရဲ့ မွန်မြတ်တဲ့ အဆုံးမတွေအောက်မှာ ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်အစဉ်လာကောင်းတွေနဲ့ နေထိုင်လျက်ရှိကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပုဒ်မ ၃၆၂၊ ၃၆၃ တို့မှာ ဘာသာရေးလွတ်လပ်ခွင့် ကူညီစောင့်ရှောက်မှုတို့ အတွက် အာမခံပေးထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာသာရေးကို အသုံးချပြီး ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်း စည်းလုံးမှုကို ပြိုကွဲအောင် လုပ်ဆောင်နေတာတွေကို အားလုံး ဂရုပြုကြရမှာဖြစ်ပါ တယ်” ၂၀၁၉ ခုနှစ်၊ ခရစ္စမတ်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
အပြစ်တင်လိုခြင်းမရှိ
ဒီအချိန်မှာ NUG၊ CRPH လိုအဖွဲ့အစည်းတွေ ပြည်ဖျက်မီဒီယာ တွေအနေနဲ့ မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲအောင် နောက်ဆုံးမှာ ဘာသာတရားအချင်းချင်း စိတ်ဝမ်းကွဲအောင် ဒါတွေကိုလုပ်ဆောင် နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူများအနေနဲ့ သတိချပ်ဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ခရစ်ယာန်အသင်းတော်နဲ့ ပတ်သက်ပြီး ပြောချင်တာက ကချင်ခရစ်ယာန်အသင်းတော်(KBC)နဲ့ ချင်းခရစ်ယာန်အသင်းတော်လည်း ပါပါတယ်။ ကချင်ပြည်နယ်မှာ ရှိတဲ့ သဘောထားထုတ်ပြန်ခဲ့သည့်အဖွဲ့ KBC အဖွဲ့နှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘဝကတည်းက တော်တော် ရင်းနှီးတဲ့အဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်နဲ့လည်း ကူညီမှု များ၊ ပံ့ပိုးမှုများ၊ ငြိမ်းချမ်းရေးအရ ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ခဲ့ သည့် အဖွဲ့အစည်းဖြစ်ပါတယ်။ သူတို့အဖွဲ့ကတော့ ၎င်းတို့၏စိတ်ပူ ပန်မှုကိုပြောခြင်းဖြစ်ပါတယ်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ အပြစ်တင်လိုခြင်းမရှိပါဘူး။ သို့သော် စိတ်ပူပန်မှုဟာ မဟုတ်ဘူးဆိုတဲ့အကြောင်း ခရစ်ယာန်ဘာသာဝင်များ သိစေချင်ပါ တယ်။
P စာမျက်နှာ ၇ မှ
ထို(KBC) အဖွဲ့ကဆိုရင် ကချင်ပြည်နယ်အတွင်းမှာ ကျွန်တော်တို့ မိုင်းရှင်းရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လက်ထက်ကတည်းက အကူအညီတောင်းခဲ့ပါ တယ်။ ကျွန်တော်တို့အနေနဲ့လည်း တိုက်ပွဲရှောင်ပြည်သူများ မိမိ နေရပ်နေထိုင်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။ အောင်မြင်မှုများလည်းရှိခဲ့ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၎င်းအပြင် နေရာများရှိတဲ့ ခရစ်ယာန်ဘာသာ ဘုရားရှိခိုးကျောင်းများကို ပြုပြင် ပေးခြင်းများကို ကျွန်တော်တို့ တပ်မတော်အင်ဂျင်နီယာအဖွဲ့က ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ ထိုအကြောင်းအရာများကိုလည်း အချိန်အားလျော်စွာ သတင်းထုတ်ပြန်ပေးထားခဲ့ပါတယ်။ ထိုကိစ္စများ ကို လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါမှာ ကျွန်တော်တို့အနေနဲ့ လူမျိုးဘာသာလူတန်းစား ခွဲခြားမှုမရှိဘဲ တိုက်ပွဲ ရှောင်စခန်းများ၊ IDP camp မှာရှိသည့် ပြည်သူလူထုများ၊ ရခိုင် ပြည်နယ်မှာရှိသည့် ဘင်္ဂါလီလူမျိုးများကစ ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ဘာသာပေါင်းစုံ ဖွဲ့စည်းထားတဲ့နိုင်ငံ
ဒါ့ပြင် EAO အဖွဲ့များကိုလည်း ကာကွယ်ဆေးထိုးပေးဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်း သား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပါတယ်။ ထို့အတူ တပ်မတော်ဟာလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုးကွယ်ရာ ဘာသာအသီးသီးနဲ့ ဖွဲ့စည်းထားတဲ့တပ်မတော်ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ထဲမှာလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာလည်း တိုင်းရင်းသားလူမျိုးပေါင်းစုံရှိပါတယ်။ ကိုးကွယ်ရာဘာသာအသီးသီး၊ ဘာသာပေါင်းစုံနဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီးဖြစ်တယ်။ သက်ဆိုင်ရာ ဘာသာရေးအခမ်းအနားနေ့များမှာ တပ်ရင်းတပ်ဖွဲ့ကအစ သက်ဆိုင်ရာဘာသာဝင်များကို သူတို့ရဲ့ဘာသာရေးနဲ့ ပတ်သက်တဲ့ ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့အားပေးကူညီ ထောက်ပံ့ဆောင်ရွက်နိုင်ဖို့ အမြဲတမ်း ကူညီဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက NUG၊ CRPH အဖွဲ့များ၊ ခုနက ပြောတဲ့ ပြည်ဖျက်မီဒီယာအဖွဲ့များက ကျွန်တော်တို့နိုင်ငံအတွင်းမှာ လူမျိုးရေးအရ ခွဲခြားလာမှုဖြစ်ပေါ်လာအောင်၊ ဘာသာရေးအရ ကွဲပြားမှုများဖြစ်ပေါ်လာအောင် အမြဲတမ်း ဆောင်ရွက်နေမှာဖြစ်ပါ တယ်။
ဒီအဖျက်လုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့၊ တိုင်းရင်းသားပေါင်းစုံအနေနဲ့၊ ဘာသာတရားပေါင်းစုံအနေနဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေမှန်များ၊ ပြုလုပ်ခဲ့တဲ့အခြေအနေ မှန်များကိုကြည့်ပြီး အမှန်များကိုစဉ်းစားဆင်ခြင်နိုင်ဖို့၊ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်ဆိုသည့်ဆောင်ပုဒ်အတိုင်း ပြည်ထောင်စု ကို တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
- Log in to post comments