
ရန်ကုန် ဇူလိုင် ၅
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်- ရန်ကုန်တွင် ပါမောက္ခချုပ်၏ ညွှန်ကြားမှုဖြင့် မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာထွန်းငွေ ဦးဆောင်သော အထူးကု ဆရာဝန် သုံးဦး၊ မေ့ဆေးဆရာဝန်တစ်ဦး၊ သူနာပြု ငါးဦးနှင့် အထောက်အကူပြုဆရာဝန် ၁၁ ဦး ပါဝင်သောအဖွဲ့သည် ဇွန် ၂၅ ရက်မှ ဇူလိုင် ၄ ရက်အထိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - ရန်ကုန်၊ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုပညာဌာနနှင့် ခုတင် ၅၀ ဆံ့ သင်ကြားရေးဆေးရုံတွင် ပဲခူးတိုင်းဒေသကြီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ငါးဦး၊ မန္တလေးတိုင်းဒေသကြီးမှ တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ခုနစ်ဦး စုစုပေါင်း ၁၃ ဦးတို့ကို အခမဲ့ ခွဲစိတ်ကုသမှုပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြန်မာ့အလင်း