
တီဟီရန် နိုဝင်ဘာ ၂၄
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာအစ် ခါတစ်ဇာဒက် (Saeed Khatibzadeh) က အီရန်သည် နျူကလီးယားသဘောတူစာချုပ်က ဘယ်တော့မှ မထွက်သွားဘူးဟု ပြောကြားလိုက် သည်။ ထိုကဲ့သို့ ပြောကြားချက်သည် အမေရိကန်နှင့် ကွဲပြားစွာ ထွက်ပေါ်လာခဲ့သည်။
ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အစီအစဉ်ဟု ယခင်ကခေါ်သည့် ဂျေစီပီအိုအေသို့ ပြန်သွားရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် ရပ်တည်ချက်ခြင်းမတူဘဲ မည်သည့်နည်းနှင့်မျှ ပြောင်းလဲသွားမည်မဟုတ်ကြောင်းနှင့် အီရန်သည် နျူကလီးယားသဘောတူစာချုပ်မှ ဘယ်တော့မှ ထွက်ခွာသွားမည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိ ခါတစ်ဇာဒက်က တွစ်တာတွင် ဖော်ပြလိုက်သည်။
အီရန်ပြောရေးဆိုခွင့်ရှိသူ၏ မှတ်ချက်ပြုပြော ကြားချက်သည် အပြန်အလှန် အလျှော့ပေးလိုက်နာ မှုကို ပြန်သွားရန် တိုက်တွန်းပြောကြားလိုက်သော အီရန်နိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ရောဘတ်မယ်လီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်တို့အပါအဝင် အမေရိကန်အရာရှိများ မကြာသေးမီက ပြောကြား ခဲ့သည့် မှတ်ချက်ပြုပြောကြားချက်ကို ပြန်လည် တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပြီး အီရန်နှင့် အမေရိကန်တို့ ပိုနေမြဲကျားနေမြဲဖြစ်ရန် ရည်ရွယ်ထားသည့် အီရန်နှင့် ဂျေစီပီအိုအေ၏ တခြားကျန်ရှိနေသော ပါတီများ ကာလရှည်ကြာ ရပ်ဆိုင်းထားသော နျူကလီးယားဆွေးနွေးပွဲ ပြန်မစခင် ရက်အနည်းငယ်အလိုတွင် အီရန်နှင့် အမေရိကန်တို့၏ ဆွေးနွေးငြင်းခုံမှုများ ပေါ်ထွက် လာခြင်းဖြစ်သည်။
ဆင်ဟွာ