နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

 

နေပြည်တော်   ဇွန်   ၁၉
နယ်စပ်ဒေသနှင့်   တိုင်းရင်းသား လူမျိုးများ၏     ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး    လမ်း၊ တံတားနှင့်   အဆောက်အဦဖွံ့ဖြိုး ရေးလုပ်ငန်း     ဆပ်ကော်မတီ၏ လုပ်ငန်း      ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို  ယမန်နေ့နံနက်ပိုင်း က    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး   အစည်း အဝေးခန်းမ၌      ကျင်းပပြုလုပ် သည်။ 
တက်ရောက်
အစည်းအဝေးသို့         လမ်း၊ တံတားနှင့်  အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ လုပ်ငန်း ဆပ်ကော်မတီဝင်များ        ဖြစ်ကြ သည့်     သက်ဆိုင်ရာဝန်ကြီးဌာန များ မှ  ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး၊  ပြည်နယ် လမ်း၊ တံတားနှင့်  အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ များ၊     ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ        တက်ရောက် ကြသည်။
ညှိနှိုင်းဆောင်ရွက်
အစည်းအဝေးတွင်    ဒုတိယ ဝန်ကြီးက မိမိတို့ဆပ်ကော်မတီမှ တာဝန်ယူ      ဆောင်ရွက်ရသည့် နယ်စပ်ဒေသများ၏ လမ်း၊ တံတား နှင့်       အဆောက်အဦဖွံ့ဖြိုးရေး ကိစ္စရပ်များသည်    နယ်စပ်ဒေသ များ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မှုအတွက်       အခြေခံကျသည့် အရေးကြီးဆုံး    အခန်းကဏ္ဍဖြစ် ကြောင်း၊     ဝန်ကြီးဌာနအလိုက် ရေးဆွဲထားသည့်  နှစ်တို၊  နှစ်ရှည် စီမံကိန်းများကို      လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက်  ဆပ်ကော်မတီဝင် ဌာနများမှ  ကိုယ်စားလှယ်အဖွဲ့ဝင် များ၊  တိုင်းဒေသကြီး၊  ပြည်နယ် လမ်း၊ တံတားနှင့်  အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်း ဆပ်ကော်မတီ ဥက္ကဋ္ဌများက ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်မှ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အထိ    ဌာနအလိုက်    လမ်း၊ တံတားနှင့် အဆောက်အဦလုပ်ငန်း များ       အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု    အခြေအနေ၊ ၂၀၂၄ - ၂၀၂၅   ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများနှင့်        ဘဏ္ဍာငွေ လျာထား         ဆောင်ရွက်မှုနှင့် နှစ်ဆက်       လုပ်ငန်းများအတွက် သက်ဆိုင်ရာ  ဘဏ္ဍာနှစ်များတွင် ဆက်လက်    လျာထားအကောင် အထည်ဖော်  ဆောင်ရွက်သွားမည့် အခြေအနေများကို          ရှင်းလင်း တင်ပြကြရာ      ဒုတိယဝန်ကြီး နှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
တင်ပြချက်နှင့်  အကြံပြုချက် များအပေါ်     ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးပြီး   နယ်စပ် ဒေသ      ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်     သတ်မှတ် အချိန်ကာလအတွင်း     ပြီးစီးရေး ကြပ်မတ်        ဆောင်ရွက်ရန်နှင့် စီမံကိန်းများ       လျာထားခြင်း၊ အကောင်အထည်      ဖော်ခြင်းများ ဆောင်ရွက်ရာတွင်    ထိရောက် သည့်  ငွေကြေးသုံးစွဲမှုဖြစ်စေရေး နှင့် လုပ်ငန်းများ၏ အရည်အသွေး ပြည့်ဝစေရေး ကြပ်မတ်ဆောင်ရွက် သွားကြရန်        လိုအပ်ကြောင်း မှာကြားကာ    အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 
သတင်းစဉ်