
ကော့သောင်း ဇူလိူင် ၁၂
နယ်စပ်ကုန်သွယ်ရေးစနစ်အသစ်၊ ပုံစံအသစ်ဖြင့်ပြေးဆွဲသည့် ရန်ကုန်- ရနောင်းကွန်တိန်နာသင်္ဘောကြီး ရနောင်းမှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
ကွန်တိန်နာသင်္ဘောကြီး MV. BEPORE SULTAN မှာ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းမှ အချိုရည်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ တန် ၄၉၀ပါ ကွန်တိန်နာ ပေ ၄၀ ၁၆ လုံး၊ ပေ ၂၀ ၁၉လုံး ပြန်လည်တင်ဆောင်ကာ ကော့သောင်းမြို့ တော်ဝင်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရပ်နားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စစ်ဆေးမှုကို ခံယူကာ ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
ပထမဆုံးအကြိမ်အဖြစ် ပြေးဆွဲသည့် ရန်ကုန် - ရနောင်းနယ်စပ် ကုန်သွယ်ရေးကွန်တိန်နာသင်္ဘောကြီးမှာ ဇူလိုင် ၁၁ ရက်က ရနောင်းမှ ကုန်စည်များတင်ဆောင်ကာ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ရောက်ရှိလာပြီး Check Point တွင် အစစ်ဆေးခံခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)