
ဘေရွတ် ဩဂုတ် ၂၀
လက်ဘနွန်နိုင်ငံမှ အစ္စရေးနိုင်ငံ မြောက်ပိုင်းနှင့် အစ္စရေးတို့ သိမ်းပိုက်ထားသော ဂိုလန် ကုန်းမြင့်တို့သို့ အင်္ဂါနေ့ နံနက်ပိုင်း တွင် ဟစ်ဇ်ဘိုလာက ဒုံးကျည် ၇၅ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းဒုံးကျည်များသည် ဂါလိ လဲအထက်ပိုင်းနှင့် ဂိုလန်ကုန်းမြင့် တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း အစ္စရေး တပ်မတော်က ပြောသည်။ ဒုံးကျည်အချို့ကို ကြားဖြတ်ပစ်ချ ဟန့်တားနိုင်ခဲ့ကြောင်း၊ ဒုံးကျည် အချို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဆက်ပြောသည်။
အစ္စရေး လေတပ်ကလည်း လက်တုံ့ပြန် လေကြောင်းတိုက်ခိုက် မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။ အစ္စရေးမီးသတ်နှင့် ကယ်ဆယ်ရေး ဝန်ဆောင်မှုအဖွဲ့ များကို မီးငြှိမ်းသတ်နိုင်ရေးအတွက် နိုင်ငံမြောက်ပိုင်း ဒေသများသို့ စေလွှတ်ခဲ့သည်ဟု ဆိုသည်။
တနင်္လာနေ့တွင် အစ္စရေးက လက်ဘနွန်နိုင်ငံ ဘက်ခါးတောင် ကြားရှိ ဟစ်ဇ်ဘိုလာလက်နက် သိုလှောင်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အဆိုပါ ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်မှုများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။ တနင်္လာနေ့က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံသား သုံးဦး အပါ အဝင် ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း လက်ဘနွန်ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။
ဘေရွတ်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အကြီးတန်း ဟစ်ဇ်ဘိုလာတပ်မှူး ဖရောက် ရွှတ်ခါနှင့် အရပ်သား ခုနစ်ဦး သေဆုံးမှု ဖြစ်ပွားပြီးနောက် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့ကြား တင်းမာမှု ပိုမိုဆိုးရွားလာခဲ့သည်။
ဆင်ဟွာ