
သည်ဟိတ် နိုဝင်ဘာ ၂၉
နယ်သာလန်နိုင်ငံ၌ နိုဝင်ဘာ ၂၈ ရက်တွင် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်ခံရသူ ၁၃ ဦး တွေ့ရှိခဲ့သည်ဟု သိရသည်။ တောင်အာဖရိကမှ ပြန်လာသည့်ခရီးသည်များတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ကိုဗစ် -၁၉ ကူးစက်ခံထားရသည့် ခရီးသည် ၆၁ ဦးတွင် ၎င်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာအမျိုးသားအင်စတီကျုက ကြေညာ ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက်ကလည်း တောင်အာဖရိက မှလာသည့်ခရီးသည် ၆၂၄ ဦးကို ကိုဗစ်- ၁၉ ဆေးစစ်ခဲ့ရာ ၆၁ ဦးတွင် ကိုဗစ်- ၁၉ ကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ဆင်ဟွာ