နယူးဇီလန်၌ ကူးစက်မြန်ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ခရီးသွားစည်းမျဉ်းတင်းကျပ်

အောက်လန်း  အောက်တိုဘာ  ၃


နယူးဇီလန်အစိုးရသည်  နိုင်ငံ၏အကြီးဆုံးမြို့ ဖြစ်သည့်အောက်လန်းတွင်      ကူးစက်မြန်           ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်  ကူးစက်ပျံ့နှံ့ လျက်ရှိသည့်အတွက် နယ်နိမိတ်မျဉ်းထိန်းချုပ် မှုကို ယနေ့မှစပြီး ပိုမိုတင်းကျပ်လိုက်သည်။


နယူးဇီလန်နိုင်ငံ       အောက်လန်းမြို့၌       ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ  ၃၂ ဦးနှင့် အောက်လန်းမြို့မှ တောင်ဘက်ကီလိုမီတာ ၁၄၇ ခန့်အကွာတွင်တည်ရှိသောဝိုင်ကာတိုဒေသတွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူနှစ်ဦး  ယနေ့ တွေ့ရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်က အဆိုပါဒေသ၏ အစိတ်အပိုင်းများတွင် အသွားအလာ ငါးရက်ကြာ ကန့်သတ်ရန် ညွှန်ကြားလိုက်သည်။ နယူးဇီလန် အစိုးရသည် ယခုနှစ် သြဂုတ်လလယ်ကတည်းက အောက်လန်းမြို့၌ အသွားအလာကန့်သတ်ထား သည်။ 


သို့သော် လူဦးရေ ၁ ဒသမ ၇ သန်းခန့်နေထိုင် သည့်   အောက်လန်းမြို့၌     အသွားအလာ ကန့်သတ်မှု  ဆက်လက်ချမှတ်သင့်၊  မသင့်နှင့်  ပတ်သက်၍ အောက်တိုဘာ ၄ ရက်တွင်   ဆွေးနွေး မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဂျက်ဆင်ဒါအာဒန်က ပြောကြားသည်။


နယူးဇီလန်နိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားခရီးသွားများသည်  အသက် ၁၇ နှစ်နှင့်  အထက်ရှိသူများဖြစ်ရန်   လိုအပ်သလို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု    ခံယူပြီးသူများဖြစ်ရန်လည်း    လိုအပ်ကြောင်း   နယူးဇီလန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး ဝန်ကြီး  ခရစ်ဟစ်ပ်ကိန်းစ်က ပြောကြားသည်။


ထို့အပြင်  နယူးဇီလန်လေကြောင်းလိုင်းက နိုင်ငံတကာမှလာသော     ခရီးသည်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုမခံယူဘဲ ခရီးမထွက်ရဟူသော မူဝါဒတစ်ခုကို  ဖေဖော်ဝါရီ ၁ ရက်တွင်  စတင်ကြေညာထားကြောင်း  သိရ သည်။


လက်ရှိအချိန်အထိ     နယူးဇီလန်နိုင်ငံ၌ ကူးစက်မြန်ဒယ်လ်တာဗီဇပြောင်း     ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၂၀ ရှိလာကြောင်းသိရသည်။


ကိုးကား - ဂါးလ်ဖ်တူဒေး
ဘာသာပြန် - ဂျေတီ
n