
ဆစ်ဒနီ အောက်တိုဘာ ၁၂
ကွင်းစလန်းတက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင်တစ်ဦးသည် မမျှော် လင့်ထားသည့် ရေဒီယိုလှိုင်းများ ကြယ်များဆီမှ ထုတ်လွှင့်နေသည်ကို တွေ့ရှိခဲ့သည်။ ယင်းသို့တွေ့ရှိခြင်းဖြင့် ယခင်က မတွေ့ဖူးခဲ့သည့် ဂြိုဟ်များကို ပြသလျက်ရှိသည်။
အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ဝေသည့် နက္ခတ္တဗေဒ ဂျာနယ်တွင် မြေပြင်လေ့လာမှုကို ဖော်ပြခဲ့ပြီး ဒတ်ချ်နိုင်ငံသား နက္ခတ္တဗေဒပညာရှင်များနှင့် ဩစတြေးလျနိုင်ငံ ကွင်းစလန်း တက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင် ဒေါက်တာ ဘန်ဂျမင်ပုပ်တို့ ပူးပေါင်းဆောင်ရွက်မှုရလဒ်ပင်ဖြစ်သည်။
၎င်းတို့အဖွဲ့သည် နယ်သာလန်နိုင်ငံအတွင်းရှိ ရေဒီယို တယ်လီ စကုပ်ကို အသုံးပြုကာ ရှာဖွေမှုပြုလုပ်ခဲ့သည်။ ယခုတွေ့ရှိမှုသည် ရေဒီယိုနက္ခတ္တဗေဒ၏ အရေးပါသည့် ခြေလှမ်းဖြစ်ကြောင်း နဂါး ငွေ့တန်းတစ်လျှောက် ဂြိုဟ်များကို ရှာဖွေတွေ့ရှိရန် ဦးဆောင်လမ်းပြ ဖြစ်နိုင်ကြောင်း ပုပ်ကဆက်ပြောသည်။
ဆင်ဟွာ