
ကန်ဘာရာ ဒီဇင်ဘာ ၂၀
ဩစတြေးလျနိုင်ငံ မြို့တော်တွင် ဒီဇင်ဘာ ၂၀ ရက်မှ စတင်ကာ အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးရန် စာရင်း ပေးသွင်းနိုင်ပြီဟု သိရသည်။
ကလေးများအတွက် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံမှုကို ကြိုတင်စာရင်းပေးသွင်းမှုနှင့်အတူ ဇန်နဝါရီ ၁၀ ရက်မှ စတင်မည် ဖြစ်သည်။ ကလေးများတွင် ကိုဗစ်- ၁၉ ရောဂါလက္ခဏာ ပြင်းထန်မှုမရှိသော်လည်း ရောဂါ ကူးစက်မှုမှာ ဆက်လက်ရှိနေဦး မည်ဟု မြို့တော်နယ်မြေ ကျန်းမာ ရေးဝန်ကြီး ရေချယ်စတက်ဖန် စမစ်က ပြောသည်။ ကန်ဘာရာ မြို့ရှိ မိဘများသည် ၎င်းတို့၏ ကလေးများကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးလိုပြီး ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့်ကိုဗစ်- ၁၉ ၏ သက်ရောက်မှုများ ကို အကာအကွယ်ပေးနိုင်မည်ဟု လည်း ၎င်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အသက် ၅ နှစ် မှ ၁၁ နှစ်အရွယ် ကလေးများ အတွက် ဖိုက်ဇာကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပေးခြင်းမှာ လုံခြုံစိတ်ချရမှုရှိကြောင်း အတည် ပြုထားသည်။
ဩစတြေးလျနိုင်ငံတစ်လွှား ဒီဇင်ဘာ ၂၀ ရက်တွင် ကိုဗစ်- ၁၉ နောက်ထပ်ကူးစက်ခံရသူ ၄၀၀၀ နီးပါးရှိပြီး ဆေးရုံ တက်ရောက် ကုသရမှုနှုန်းနှင့် ကူးစက်မှုနှုန်းမှာ ပြန်လည်များ ပြားလာခဲ့သည်။ နယူးဆော့ဝေးလ် ပြည်နယ်တွင် ကိုဗစ်- ၁၉ နောက်ထပ်ကူးစက်ခံရသူ ၂၅၀၁ ဦးရှိပြီး ဗစ်တိုးရီးယားပြည်နယ်တွင် ၁၃၀၂ ဦးရှိသည်။အင်န်အိတ်ချ်ကေ