ဩစတြေးလျနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေးငယ်များအတွက် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအသုံးပြုရန် အတည်ပြု

မဲလ်ဘုန်း    ဒီဇင်ဘာ   ၅


ဩစတြေးလျကျန်းမာရေး အာဏာ ပိုင်များသည်    အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ်   ကလေးငယ်များ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးရာတွင် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို   အသုံးပြုရန်အတည်ပြုခဲ့ ကြောင်းနှင့် အဆိုပါကာကွယ်ဆေး ထိုးနှံမှုကို လာမည့်နှစ် ဇန်နဝါရီ ၁၀ ရက် တွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း    ဩစတြေးလျ ကျန်းမာရေးဝန်ကြီး  ဂရက်ဟွန့် က ပြောကြားသည်။


ဩစတြေးလျနိုင်ငံသည်  ကမ္ဘာ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အများဆုံးနိုင်ငံများ အနက်မှ တစ်နိုင်ငံဖြစ်ပြီး လက်ရှိ တွင်   အသက် ၁၆ နှစ်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၈၈ ရာခိုင်နှုန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး   နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း   သိရ သည်။


ဩစတြေးလျနိုင်ငံ၌   အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေး ငယ်များအတွက်     Pfizer ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးကို အသုံးပြုရန် ဩစတြေးလျကျန်းမာ ရေးအာဏာပိုင်များက အတည်ပြု ခဲ့ပြီးဖြစ်သော်လည်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံမှု ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ၏ အတည်ပြုချက်ရရှိရန် လိုအပ် နေဆဲဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ဩစတြေးလျနိုင်ငံ ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၂၁၅၀၀   ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူပေါင်း ၂၀၄၂ ဦးရှိကြောင်း သိရ သည်။      

ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်