ဩစတြေးလျနိုင်ငံ၌ နေ့စဉ် ကိုဗစ် -၁၉ ကူးစက်မှု တစ်သိန်း ကျော်လွန်

 

ဆစ်ဒနီ ဇန်နဝါရီ ၈


ဩစတြေးလျနိုင်ငံ၌      နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုမှာ ဇန်နဝါရီ  ၈ ရက်တွင် ၁၀၀၀၀၀ ကျော်လွန် လာပြီး ၂၀၂၀ ပြည့်နှစ် တိုင်းပြည် အတွင်း ကပ်ရောဂါစတင်ဖြစ်ပွား သည့်အချိန်မှစတင်ကာ အများ ဆုံးပမာဏဖြစ်ကြောင်း    သိရ သည်။      လူဦးရေထူထပ်သည့် ပြည်နယ်ကြီး   သုံးခုတွင်လည်း နေ့စဉ်ကူးစက်မှုမှာ   စံချိန်တင် မြင့်မားလျက်ရှိကြောင်း    သိရ သည်။

 

နယူးဆော့ဝေးပြည်နယ် မှာ လက်ရှိတွင်   ကူးစက်မှု၏ဗဟို ချက်မနေရာဖြစ်နေပြီး ပြီးခဲ့သည့် ၂၄   နာရီအတွင်း   နောက်ထပ် ကူးစက်ခံရသူ     ၄၅၀၉၈   ဦး ထပ်တိုးလာခဲ့သည်။    နေ့စဉ် ကူးစက်မှုနှုန်းမှာ ပထမဆုံးအကြိမ် အဖြစ် ၄၀၀၀၀   ထိရှိလာခြင်း ဖြစ်သည်။ ဆေးရုံတက်ရသူဦးရေ မှာလည်း ၁၇၉၅  ဦးရှိပြီး အထူး ကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူနေသူ ၁၄၅ ဦး ရှိလာသည်။ 

 


ဗစ်တိုးရီးယား   ပြည်နယ်၌ ဇန်နဝါရီ ၇ ရက်က ကူးစက်ခံရသူ ၂၁၇၂၈  ဦးရှိခဲ့ရာမှ  ဇန်နဝါရီ ၈ ရက်တွင် ၅၁၃၅၆ ဦးအထိရှိလာခဲ့ သည်ဟု သိရသည်။      

ဆင်ဟွာ