ဩစတြေးလျနိုင်ငံတွင် စံချိန်တင် ကာကွယ်ဆေးထိုးပြီးနောက်  ကိုဗစ်-၁၉ ကူးစက်မှုများ အကျဘက်သို့ ဦးတည်လာ 


 

ကင်ဘာရာ စက်တင်ဘာ ၂၀


ဩစတြေးလျနိုင်ငံသည်  ကပ်ရောဂါတတိယလှိုင်းကို   တိုက်ဖျက်နိုင် ရေးအတွက်  ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများကို  စံချိန်တင်ပြုလုပ်ခဲ့သည်။ 
တစ်ပတ်တာကာလအတွင်း  လူပေါင်း ၁ ဒသမ ၉၆၃ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဂရက် ဟန့်က စက်တင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။
ကာကွယ်ဆေးထိုးပြီးသူ ၄၇ ရာခိုင်နှုန်းရှိ
 ဩစတြေးလျတွင် ကိုဗစ်  -၁၉ ကာကွယ်ဆေးထိုးပြီးသူ ၂၄ သန်း ရှိပြီဖြစ်သည်။ အသက် ၁၆ နှစ်နှင့်အထက်  ၇၂ ရာခိုင်နှုန်းမှာ အနည်းဆုံးတစ်ကြိမ်     ကာကွယ်ဆေးထိုးပြီးဖြစ်ပြီး နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၄၇ ရာခိုင်နှုန်းရှိသည်။
နေ့စဉ်ကူးစက်မှုအနိမ့်ဆုံး
စက်တင်ဘာ ၂၀ ရက်  နံနက်ပိုင်းတွင် ဩစတြေးလျနိုင်ငံ၌ ဒေသတွင်းကူးစက်ခံရသူ ၁၅၀၉ ဦး ထပ်မံတွေ့ရှိခဲ့ရာ စက်တင်ဘာ ၇ ရက်မှစတင်ကာ နေ့စဉ်ကူးစက်မှုအနိမ့်ဆုံးဟု သိရသည်။
ဆင်ဟွာ