
ပဲခူး ဇွန် ၅
“ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်း အမှတ် အခမ်းအနားကို ဇွန် ၅ ရက် နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက် ရောက် ချီးမြှင့်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘာပေါ် ရှိသည့်လူသားများ လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် နည်းလမ်းမျိုးစုံနှင့် ကြိုးပမ်း လာရာ စက်ရုံအလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံတိုးချဲ့ ထုတ်လုပ်လာခြင်းနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲလာသည့်အတွက် သဘာဝပတ်ဝန်း ကျင် ယိုယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုပြဿနာများ သိသိသာသာ ရင်ဆိုင်ကြုံတွေ့နေရပြီး ဖန်လုံအိမ် ဓာတ်ငွေ့ထွက်ရှိမှု မြင့်တက်လာကာ ကမ္ဘာကြီးပူနွေး လာမှုကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ အိုဇုန်းလွှာ ပျက်စီးခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ မိုးခေါင် ရေရှားခြင်း၊ စိုက်ပျိုးသီးနှံအထွက်နှုန်း လျော့ကျခြင်း များဖြစ်ပေါ်ခံစားနေရကြောင်း၊ ယခုအခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် မြေယာပြန်လည်ထူထောင် ခြင်းအပြင် မြေအောက်ရေလျော့နည်းခြင်း၊ ရေချို ရေသန့်ရှားပါးခြင်းတို့ မဖြစ်ပေါ်စေရေး သစ်တော သစ်ပင်များကို ထိန်းသိမ်းကာကွယ်ခြင်း၊ မိုးရေကို စနစ်တကျ စုဆောင်းသုံးစွဲခြင်း၊ လေနှင့်ရေ တိုက်စားမှုကို ကာကွယ်နိုင်သည့် နှစ်ရှည်ခံ အရိပ်ရ သစ်ပင်များ၊ သီးပင်စားပင်များ စိုက်ပျိုးသွားရန်နှင့် သစ်ရွက်ကိုင်းခြောက်များကို မီးမရှို့ဘဲ အပင်ခြေ တွင် စုပုံကာ မြေဆီလွှာအကာအကွယ်အဖြစ် ဆောင် ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလ တန်းကျောင်းများကို သန့်ရှင်း၍ စိမ်းလန်းစိုပြည် သောကျောင်း ယှဉ်ပြိုင်ရာ၌ ပထမဆုရရှိကြသည့် ကျောင်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က စိမ်းလန်း စိုပြည်သောကျောင်း အထက်တန်းအဆင့် အထူးဆု ရရှိသည့် ကျောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက စိမ်းလန်း စိုပြည်သောကျောင်း အလယ်တန်းအဆင့် အထူးဆု ရရှိသည့် ကျောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက စိမ်းလန်းစိုပြည်သော ကျောင်း မူလတန်းအဆင့် အထူးဆုရရှိသည့် ကျောင်းကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဆုတံဆိပ် များကို ချီးမြှင့်သည်။ ယင်းနောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံ/အလုပ်ရုံဆုရရှိသည့် စက်ရုံ တာဝန်ရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ ချီးမြှင့် ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်သီချင်းတို့ကို ကြည့်ရှုကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကြကာ ပြခန်းအတွင်း ပြသထားသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)