ပဲခူးမြို့နယ်အတွင်း ရေကြီးမှုဖြစ်စဉ်ကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်

 

ပဲခူး   ဇူလိုင်   ၃၁


ပဲခူးတိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက သဘာဝကွပ်ကဲမှု ရုံး၌ တိုင်းဒေသကြီး သဘာဝဘေး စီမံခန့်ခွဲရေး     ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးသည်။


ရှေးဦးစွာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်းက ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေ တို့သည် ပြန်လည်စတင်ကျဆင်း နေပြီဖြစ်၍   စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အများနှင့်သက်ဆိုင် သည့် နေရာများတွင် သန့်ရှင်းရေး ပြုလုပ်ပေးရန်နှင့်       ပြန်လည် ထူထောင်ရေးလုပ်ငန်းများ တစ်ပါ တည်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ရေပြန်လည်ကျဆင်း သွားသည့်     ဒေသများရှိ     သီးနှံ စိုက်ခင်း    အမျိုးအစားအလိုက် ရေနစ်မြုပ်ဆဲဧက၊ ရေပြန်ပေါ်ဧက၊  ထိခိုက်ဧက၊ ပျက်စီးဧကစာရင်း များ စနစ်တကျ ပြုစုထားရန်နှင့် ပြန်လည်အစားထိုး  စိုက်ပျိုးနိုင် ရေးကိုလည်း      ကြိုတင်ပြင်ဆင်  ထားရမည်ဖြစ်ကြောင်း၊    ရေကြီး နစ်မြုပ်သည့်        ဒေသများတွင် အခြေခံစားသုံးကုန်များ ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေး ဖွဲ့စည်းထား ပြီးဖြစ်သည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး အဖွဲ့များက   အနီးကပ်ကြီးကြပ် စစ်ဆေးခြင်းများ ဆောင်ရွက်သွား ရန်    လိုအပ်ပြီး      ရေကြီးမှုဖြစ်စဉ် ကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့်    ကုန်စည်စီးဆင်းမှု       ပြတ် တောက်မှုမရှိစေရေး အလေးထား      ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက်   တိုင်းဒေသကြီး  ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ် မှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက    ရေကြီးနစ်မြုပ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ    ဆောင် ရွက်နေမှု  စသည့်   သက်ဆိုင်ရာ ကဏ္ဍအလိုက်    ရှင်းလင်းတင်ပြ သည်။  ယင်းနောက် တိုင်းဒေသ ကြီး         သဘာဝဘေးကွပ်ကဲမှု ရုံးသို့     လာရောက်လှူဒါန်းသည့်  စေတနာရှင်ပြည်သူများ၏ အလှူ ငွေနှင့် ထောက်ပံ့ပစ္စည်းများအား  လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်သည်    ပဲခူးမြစ်ကူး တံတား(မြို့ဦးကင်း) မှ ပဲခူးမြစ်ရေ စီးထွက်နေမှု၊     ဘောနတ်ကြီး ကျေးရွာအနီး (၃၉) မိုင်စစ်ဆေး ရေးဂိတ်   ရေဝင်ရောက်နေမှုနှင့် ဘုရားကြီးမြို့နှင့် ပဲခူးမြို့သွားကား လမ်း       ရေကျော်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့ ဖောင်တော်ဦး ကျောင်းသစ်၌ ဖွင့်လှစ်ထားသည့်  ယာယီ     ရေဘေးရှောင်စခန်းသို့ သွားရောက်ခဲ့ပြီး    ပဓာနနာယက ဆရာတော်အား နဝကမ္မအလှူငွေ နှင့်       ရေဘေးသင့်ပြည်သူများ အတွက်   စားသုံးကုန်များ၊  ဘေး  အန္တရာယ်ဆိုင်ရာ       စီမံခန့်ခွဲရေး ဦးစီးဌာန၏ ဆန်ရိက္ခာဖိုးတစ်ပတ် စာထောက်ပံ့ပေးအပ်ပြီး ဇိုင်းဂနိုင်း တောင်ပိုင်း  ရပ်ကွက်အတွင်း ပဲခူး မြစ်ရေဝင်ရောက်နေမှုအား    စက် လှေများဖြင့် လှည့်လည်ကြည့်ရှု ခဲ့သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)