ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေမှု သွားရောက်ကြည့်ရှုအားပေး

ဒိုက်ဦး   ဇူလိုင်   ၁၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုး ဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်အတူ  ယမန်နေ့က  ညောင်လေးပင် ခရိုင်   ဒိုက်ဦးမြို့နယ်အတွင်း    စိုက်ပျိုး စွမ်းအား မြှင့်တင်ပေးနိုင်ရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေမှုတို့ ကို   သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီး  ဝန်ကြီးချုပ် သည် ဒိုက်ဦးမြို့နယ် ဒိုးတန်းကျေးရွာ အုပ်စု၌   တစ်နှစ် (၁) သီးသာ   စိုက်ပျိုး နိုင်သည့်            ရေကြီးရေနက်ကွင်းကို   တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်နှစ်သုံးသီးစိုက်     မြေနေရာအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည့်   လယ်မြေ ဧရိယာ ၁၂၅ ဧကတွင် ကြိုတင် ပျိုးထောင် စနစ်ဖြင့်      မိုးစပါးစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီး  ဝန်ကြီး ချုပ်သည်  ဒိုက်ဦးမြို့နယ်  ပျဉ်းမလွင် ကျေးရွာအုပ်စု၌   လက်ဆွဲကောက်စိုက်  စက်အသုံးပြု၍ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးဧက   ၄၅၀ စုပေါင်းစိုက်ပျိုးပွဲတွင် ဒေသခံတောင်သူများနှင့်   တွေ့ဆုံ၍  စိုက်ပျိုးသီးနှံ အလိုက်    ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း လမ်းလေးသွယ် ပြည့်စုံကောင်းမွန်စေရေး    အထူး အလေးထား ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့သဖြင့်     တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ ခြောက်မျိုးအပြင် နွေစပါး လည်း  ပန်းတိုင်အထွက်နှုန်း    ကျော်လွန်ရ ရှိခဲ့ကြောင်း ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး      စိုက်ပျိုးရေးဦးစီးမှူးက မိုးစပါးစိုက်ရာသီတွင် ကျရောက်တတ် သည့်   ပိုးမွှားရောဂါများ နှိမ်နင်းခြင်း ဆိုင်ရာ    အသိပညာပေးပြောကြားခဲ့ပြီး   တောင်သူများကို         သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကာ    တန်ဖိုးနည်း  လက်ဆွဲကောက်စိုက်စက်များဖြင့် မိုးစပါး စိုက်ပျိုးနေမှုတို့ကို      ကြည့်ရှုအားပေးခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်          ဒိုက်ဦးမြို့နယ်  ကတုတ်ရွာမကျေးရွာ၌    နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်     လုပ်ငန်းရှင် ဦးသန့်ဇင်ထွန်း၏ ခြံလှောင်စနစ်ဒေသ ကြက်ကောင်ရေ  ၇၀၀၀ မွေးမြူထားရှိမှု ကို   သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆိတ်နှင့် နွားမွေးမြူရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံ၍   တိရစ္ဆာန်အားတိုးဆေးများ   ထောက်ပံ့ပေးအပ်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)