ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခြောက်ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

 

ပဲခူး   မေ    ၂၈


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား ခြောက်ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို    ပဲခူးမြို့    ဟံသာဝတီ ယူနိုက်တက် ဘောလုံးအားကစား ကွင်း၌ မေ ၂၇ ရက် ညနေပိုင်းက ကျင်းပရာ   တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်း၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊     တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊      ပရိသတ်များ     ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်ဘောလုံးအသင်းနှင့် ညောင်ပင်ခရိုင် ဘောလုံးအသင်း တို့   ဖွင့်ပွဲပွဲစဉ်အဖြစ်   ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေး သည်။ ယင်းနောက် ပွဲစဉ်အတွင်း အကောင်းဆုံးဘောလုံးသမားဆု ရရှိသူ    တောင်ငူခရိုင်အသင်းမှ ရဲသူရကျော်အား    လူမှုရေးရာ ဝန်ကြီး ဦးမျိုးအောင်က ဂုဏ်ပြု ဆုငွေ ပေးအပ်ချီးမြှင့်သည်။
ပဲခူးတိုင်းဒေသကြီး   ဝန်ကြီး ချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို မေ ၂၇ ရက်မှ ဇွန် ၇ ရက် အထိ ကျင်းပမည်ဖြစ်ပြီး  မေ ၂၈ ရက်တွင်     ပဲခူးခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်း၊  မေ ၂၉ ရက် တွင် နတ်တလင်းခရိုင်အသင်းနှင့် ညောင်လေးပင်ခရိုင်အသင်း၊ မေ ၃၀ ရက်တွင် သာယာဝတီခရိုင် အသင်းနှင့် ပဲခူးခရိုင်အသင်း၊ မေ ၃၁ ရက်တွင်  နတ်တလင်းခရိုင် အသင်းနှင့် တောင်ငူခရိုင်အသင်း၊ ဇွန် ၁ ရက်တွင် သာယာဝတီခရိုင် အသင်းနှင့် ပြည်ခရိုင်အသင်းတို့ အုပ်စုပတ်လည် ပွဲစဉ်အဖြစ်လည်း ကောင်း၊   အကြိုဗိုလ်လုပွဲကို   ဇွန် ၃ ရက်နှင့် ဇွန် ၄ ရက်တွင် လည်း ကောင်း၊  တတိယနေရာလုပွဲကို ဇွန် ၆ ရက်တွင်    လည်းကောင်း၊ ဗိုလ်လုပွဲကို ဇွန် ၇ ရက်တွင် လည်း ကောင်း ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါ  ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသား   ဘောလုံးပြိုင်ပွဲအား ဒေသတွင်း    ထူးချွန်အားကစား သမားများ မွေးထုတ်ပေးနိုင်ရေး နှင့်   တစ်မျိုးသားလုံး  သက်ရှည် ကျန်းမာ       ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး  အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစား ကဏ္ဍ    မြှင့်တင်ဆောင်ရွက်ရေး ဦးတည်ချက်အား     အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း အားဖြင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင်    အားကစားသမား များအဖြစ်    မွေးထုတ်ပေးနိုင် ရေး၊    မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားပြီး ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်အတွက် ကြိုတင်ပြင်ဆင် ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)