ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပဲခူးတိုင်း(အနောက်)ရှိ မြို့နယ် ၁၄ မြို့နယ်အတွက် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်

 

ပြည်   ဩဂုတ်    ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့်   ပဲခူး တိုင်း(အနောက်)ရှိ မြို့နယ်  ၁၄  မြို့နယ်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) များ  ထောက်ပံ့ ပေးအပ်ပွဲကို   ဩဂုတ်  ၁၉  ရက်    နံနက်ပိုင်းက တည်ဆောက်ရေး(၂) အစည်းအဝေးခန်းမ၌   ကျင်းပ ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်း တက်ရောက်သည်။
ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမျိုးဆွေ ဝင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်   စပါး သီးနှံ ပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေး လက်ဆွဲ ကောက်စိုက်စက်နှင့်    မျိုးစေ့ချကိရိယာ  (Drum Seeder)များ ဝယ်ယူဖြန့်ဖြူး ထောက်ပံ့ပေးခြင်းအပြင် ဒေသအတွင်းမှလည်း   စဉ်ဆက်မပြတ်   ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး    ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယခုဖြန့်ဖြူးပေးသည့်   မျိုးစေ့ချကိရိယာ (Drum Seeder)  များသည်   ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်     ဆင်တဲအကြီးစားစက်ရုံမှ ပြည်တွင်းဖြစ်ထုတ်လုပ်သည့်    ကိရိယာဖြစ်ကာ တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်း ဖြင့်  ကြဲခင်းစနစ်ပပျောက်ပြီး  ပန်းတိုင်အထွက်နှုန်း ရရှိကာ      နိုင်ငံ့စီးပွားမြှင့်တင်ရေး      ရည်မှန်းချက် အောင်မြင်မည်ဖြစ်ကြောင်း၊     မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအားဖြင့် လုပ်သားရှားပါးမှုနှင့် စိုက်ပျိုးကုန်ကျစရိတ်သက်သာသည့်အပြင် ပိုမိုစိုက်ပျိုးနိုင် သည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း     စားရေရိက္ခာဖူလုံရေးနှင့် ပိုလျှံစွာထုတ်လုပ်နိုင်ရေး စပ်ဆက်ဌာနများ၊ လုပ်ငန်း ရှင်များနှင့် တောင်သူအစုအဖွဲ့များအားလုံး လက်တွဲ ညီညီဖြင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်က သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ် အတွက် မျိုးစေ့ချကိရိယာ ၂၁၄ ခု၊ နတ်တလင်းခရိုင် အတွင်းရှိ   မြို့နယ်လေးမြို့နယ်အတွက်   မျိုးစေ့ချ ကိရိယာ   ၁၄၃ ခု၊   ပြည်ခရိုင်အတွင်းရှိ    မြို့နယ် လေးမြို့နယ်အတွက်  မျိုးစေ့ချကိရိယာ   ၁၄၃  ခု စုစုပေါင်း မျိုးစေ့ချကိရိယာ  ၅၀၀   ကို သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊  ဥက္ကဋ္ဌများထံ  လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  မြို့နယ်အလိုက်  လွှဲပြောင်း ပေးအပ်မည့်  မျိုးစေ့ချကိရိယာ  (Drum Seeder)များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြဲခင်း စနစ်ပပျောက်ရေးနှင့်   စပါးသီးနှံ  ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ဇွန် ၈ ရက်နှင့် ဇူလိုင် ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၂၈  မြို့နယ် အတွက် လက်ဆွဲကောက်စိုက်စက်အစီးရေ  ၁၀၀ ထောက်ပံ့ပေးအပ်ပြီး  ယခုအခါ မျိုးစေ့ချ ကိရိယာ (Drum Seeder)  ၁၀၀၀ ကို  ထပ်မံထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။       တိုင်းဒေသကြီး(ပြန်/ဆက်)