ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုး

 

ပဲခူး   ဇူလိုင်   ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက နိုင်ငံတော်မှ အသစ်တည်ဆောက်ထားသည့်  နိုင်ငံတကာအဆင့်မီ     တိုင်းဒေသကြီးအားကစား ဥယျာဉ်အတွင်း    စိမ်းလန်းစိုပြည်စေရေး၊    အရိပ်ရ စေရေးနှင့်    စိတ်အပန်းဖြေမှုအတွက်    သစ်ပင်များ စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး  အတွင်း တစ်ရွာနှစ်ဧက စိုက်ပျိုးခြင်းအပြင် နည်းလမ်း (၈) သွယ်ဖြင့်  ပျိုးပင်ပေါင်း ၁၄ သိန်း  စိုက်ပျိုးရန် လျာထားလျက်ရှိရာ   ယနေ့အချိန်အထိ   ပျိုးပင်ပေါင်း ၁၂ သိန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း၊  စိုက်ပျိုး သည့်   သစ်ပင်များ  ရှင်သန်ကြီးထွားအောင်     ပြုစု စောင့်ရှောက်       ထိန်းသိမ်းပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊  တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊  အစိုးရအဖွဲ့ဝင်  ဝန်ကြီးများနှင့်  ၎င်းတို့၏  ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်း မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက         သတ်မှတ်နေရာ အသီးသီး၌ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။
ယင်းနောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် ဇနီးတို့က သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။    ဒုတိယအကြိမ်     မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို တိုင်းဒေသကြီး အားကစားဥယျာဉ် ၌ ပြုလုပ်ခဲ့ပြီး သစ်ပျိုးပင်ပေါင်း  ၆၀၀ ကျော် စိုက်ပျိုး ခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)