
နေပြည်တော် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များသည် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး အား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ တိုက်များအတွင်း၌ လေ့လာ ကြည့်ရှုကြသည်။
ထို့နောက် ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ဂေါပကအဖွဲ့က ဘုရား ကြီး တည်ထားကိုးကွယ်ပူဇော် ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော် မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ကျောက်စာရုံ စေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနား ကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထားပူဇော် နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ယင်းနောက် လေ့လာရေးအဖွဲ့ သည် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ရတနာဆင်ဖြူ တော်အဆောင်ရှိ ဆင်ဖြူတော်များ အားအစာကျွေးကြကာ အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူ ကြသည်။
ဆက်လက်၍ လေ့လာရေး အဖွဲ့သည် တိုင်းရင်းသားလူမျိုး များရေးရာ ဝန်ကြီးဌာနသို့ ရောက်ရှိကြရာ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့်တာဝန်ရှိသူများက ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် လေ့လာရေးအဖွဲ့များ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကမ္ဘာ့ ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံ ရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်သူ့ စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။ သတင်းစဉ်