
နေပြည်တော် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဲကုန်း၊ အုတ်ဖို၊ နတ်တလင်း စသည့်မြို့နယ်များတွင် စစ်မှု ထမ်းဆောင်ရန် တစ်မြို့နယ်လျှင် လူ ၂၀ နှုန်း အဓမ္မ လူစုဆောင်းနေကြောင်း၊ ညဘက် လူအိပ်ချိန်တွင် အိမ်ထဲထိဝင်ရောက်ဆွဲခေါ် နေကြောင်း၊ အသက်မပြည့်သေးသောသူများ လည်း ပါဝင်နေကြောင်း၊ စစ်မှုထမ်းကာလ ၅ နှစ်တာဝန်ထမ်းဆောင်ရန် လက်မှတ်ရေးထိုး ခိုင်းနေကြောင်း စသည်ဖြင့် မဟုတ်မမှန် ဝါဒဖြန့်သတင်းများကို ပြည်ဖျက်မီဒီယာ DVB က အခြေအမြစ်မရှိဘဲ ရေးသားဖြန့်ဝေနေ သည်ကို သိရသည်။
အဆိုပါသတင်းသည် တရားမဝင် ပြည်ဖျက်မီဒီယာနှင့် နိုင်ငံကိုအလုံးစုံပျက်သုဉ်း စေလိုသူ အကြမ်းဖက်၊ လောက်ကောင်များက လူငယ်လူရွယ်များကို လမ်းမှားရောက်စေရန် အတွက် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ထုတ်လွှင့် နေခြင်းသာဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) အထိ အောင်မြင်စွာဖွင့်လှစ်သင်ကြားနိုင်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း နိုင်ငံ့ သားကောင်း စစ်သည်များသည် တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေသည် မှာ မငြင်းနိုင်သည့် အမှန်တရားသာဖြစ်ကြောင်း၊ မိဘပြည်သူများကို အသိအမြင်လွဲမှားစေရန်၊ စိုးရိမ်ပူပန်မှုမြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ရေးသားထုတ်လွှင့်ခြင်းသာ ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းမှန် များကိုလည်း နိုင်ငံပိုင်မီဒီယာများမှ စဉ်ဆက် မပြတ် ထုတ်လွှင့်ပေးနေလျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
သတင်းစဉ်