
လက်ပံတန်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီ ယူနိုက်တက် ဘောလုံးကွင်း၌ ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
ဗိုလ်လုပွဲစဉ်တွင် လက်ပံတန်း မြို့နယ်အသင်းနှင့် ဝေါမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လက်ပံတန်းမြို့နယ် အသင်းက ဝေါမြို့နယ်အသင်းအား နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပထမ တံခွန်စိုက်ဆု ဖလားနှင့် ငွေသား ဆုငွေကျပ် ၁၀ သိန်းအား ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင် လက်ပံတန်း မြို့နယ် ယူ-၁၉ ဘောလုံးအသင်း အနေဖြင့် တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား တံခွန်စိုက်ဆုကို နှစ် ၅၀ အတွင်း ပထမဆုံး အကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဘောလုံးအသင်းကို လက်ပံတန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်မင်း နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ကျောင်းသား ကျောင်းသူများ နှင့် ပြည်သူများက လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)