ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ဟိုပုံး     မေ    ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌  ၂၀၂၄-၂၀၂၅ ပညာသင် နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့  အခမ်း အနားကို ယနေ့နံနက် ၉နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၂)  အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများ က မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက  အမှာစကားပြောကြား ရာတွင် မိမိတို့နိုင်ငံသည်  ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော     နိုင်ငံတော်ကြီးတည်ဆောက်အံ့ ဆိုသည့် ပညာရေးရည်မှန်းချက်နှင့်အညီ ဆောင်ရွက် နေကြခြင်းဖြစ်ပါကြောင်း၊ ၂၁ ရာစုသည် အသိပညာ ခေတ်ခြင်းနှင့်အညီ အသိပညာဖွံ့ဖြိုးတိုးတက်မှသာ  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ အသိ ပညာဖွံ့ဖြိုးတိုးတက်ရန် အခြေခံပညာတတ်မြောက် ရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနှင့် လည်း   တစ်မျိုးသားလုံး   ပညာရည်မြင့်မားရေးကို ရှေးရှုဦးတည်လျက် နိုင်ငံသားတိုင်းအခြေခံပညာကို ကောင်းမွန်စွာတတ်မြောက်စေရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့်    ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် လူသားအရင်းအမြစ်များကို ပြုစု ပျိုးထောင်ဖြည့်ဆည်းရေးလုပ်ငန်းသည် အဓိကျသည့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြှင့်မားရေးအတွက် ရည်ရွယ်လျက်   နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးပြုတတ်စေရန်    ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဆီဆိုင်မြို့နယ်များတွင် ဖွင့်လှစ်သင်ကြားပို့ချ ပေးခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်ရဲထွေးက   ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်   အလှူရှင်များက ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံး ဗလာစာအုပ်၊ စာရေးကိရိယာများကိုလည်းကောင်း၊ မြို့နယ်မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့တို့က ထောက်ပံ့ငွေများကို လည်းကောင်း   တာဝန်ရှိသူများအား  ပေးအပ်ကြသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့သည် ကျောင်းအပ်နှံ နေကြသည့် ဒေသခံပြည်သူများနှင့်  ကျောင်းသား ကျောင်းသူများအား    ကြည့်ရှုအားပေးပြီး  ပညာ ရေးဝန်ကြီးဌာနမှ   အခမဲ့ထောက်ပံ့ပေးအပ်သည့်    ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။       
ပအိုဝ်းဒေသ(ပြန်/ဆက်)