ပြစ်ဒဏ်အသီးသီးချမှတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် 
အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ 
နယ်မြေများအတွင်း၌ စစ်သင်တန်းတက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများကို 
ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်   မတ်   ၁၈


ရန်ကုန်တိုင်း       ဒေသကြီး လှိုင်သာယာ  (အနောက်ပိုင်း)မြို့နယ်     လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်  ကြည့်မြင်တိုင်မြို့နယ် များနေ   ကောင်းကောင်း(ခ) ကောင်းမြတ်(ခ)  စောကောင်းမြတ် (ခ)   ဖြိုးမောင်မောင် (ဘ)ဦးရဲမြင့်၊ ဖြိုးကျော်ဇင်(ခ)  ကိုဖြိုး  (ဘ)ဦးအောင်ကျော်စိုး၊   ရဲလင်းစိုး(ခ) ကိုလင်း(ဘ)ဦးလှအုန်း၊   ရဲနိုင်(ခ) ကိုရဲ(ဘ)       ဦးသန်းဇော်ဦး၊ လင်းလင်းထက်  (ခ)  ထက်ကြီး (ဘ)ဦးကျော်ဆွေ၊ ပြည့်ဖြိုးသူ  (ခ)လူကာ   (ဘ)     ဦးပြည့်စုံဝင်း၊ ဇော်မင်းထွန်း(ခ)  ကိုဇော်(ဘ)ဦးချစ်စိန်နှင့်   ဇော်ကိုကို  (ဘ)ဦးတင်ဝင်းတို့သည် လှိုင်သာယာ (အနောက်ပိုင်း)     မြို့နယ်ရှိ  သောင်ကြီးနယ်မြေ   ရဲစခန်းကို ဗုံးပစ်   လောင်ချာဖြင့်  ပစ်ခတ် တိုက်ခိုက်ခြင်း၊    အများပြည်သူ များသွားလာလျက်ရှိသည့် နေရာ များ၊ လုံခြုံရေးစခန်းများ၊ နိုင်ငံပိုင် အဆောက်အဦများအား ဗုံးထောင် ဖောက်ခွဲခြင်းနှင့်   လက်လုပ်မိုင်း များ       ပြုလုပ်ခြင်းတို့ကြောင့်  လည်းကောင်း၊   
ဒဂုံမြို့သစ်      (ဆိပ်ကမ်း)မြို့နယ်နေ   နိုင်အောင်  (ခ) snake (ဘ)  ဦးဘိုဟန်၊ မင်းမြတ်အောင် (ခ) ဖြူဖွေး(ဘ)ဦးဆံထွန်းဝင်းနှင့် ညိမ်းမြတ်သူ(ခ) ကိုညိမ်း(ဘ) ဦးမြင့်သူတို့သည်    ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊     (၉၄)ရပ်ကွက်၊ အေ(၁၆)လမ်းထိပ်နှင့် (၁၄)လမ်းရှိ    အုပ်ချုပ်ရေးမှူးရုံး တို့အား   လက်လုပ်ချိန်ကိုက်မိုင်း ဖြင့်   ဖောက်ခွဲတိုက်ခိုက်ခြင်း၊  အမှတ် (၂၂) ရပ်ကွက်ရှိ   အုပ်ချုပ် ရေးမှူးရုံး၊    အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို       သေနတ်ဖြင့်     ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်၊    ခဲယမ်းများ   သိုဝှက်သိမ်းဆည်း ခြင်း၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့        နယ်မြေအတွင်း၌       သင်တန်း တက်ရောက်ခြင်းနှင့်    အကြမ်းဖက်တိုက်ခိုက်မှုများတွင်           အားပေးကူညီခြင်း၊ ပြည်ထောင်စု သမ္မတ         မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု   တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏   အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့်  အကြမ်း ဖက်အုပ်စုများအဖြစ်   သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်း များနှင့်   ဆက်သွယ်ခြင်းကြောင့် လည်းကောင်း     စစ်အုပ်ချုပ် ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု  တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)နှင့် ၅၀(ဈ)တို့အရ ၂၀၂၂ ခုနှစ်၊ မတ် ၁၇ ရက်တွင်  ၎င်းတို့အား“ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

 


အလားတူ   ၂၀၂၁  ခုနှစ် နိုဝင်ဘာ ၁၇  ရက်တွင်  ရန်ကုန် တိုင်းဒေသကြီး     လှိုင်သာယာ (အနောက်ပိုင်း)   မြို့နယ်နေ ကောင်းကောင်း(ခ) ကောင်းမြတ် (ခ)      စောကောင်းမြတ်(ခ)ဖြိုးမောင်မောင် (ဘ)ဦးရဲမြင့်၊ ရဲနိုင်(ခ)ကိုရဲ (ဘ)ဦးသန်းဇော်ဦး နှင့် ဖြိုးကျော်ဇင်(ခ)ကိုဖြိုး(ဘ)ဦးအောင်ကျော်စိုးတို့သည် အမှတ် (၁၀)ရပ်ကွက်နေ   ရာအိမ်မှူး တစ်ဦးအား   သေနတ်ဖြင့် ဝိုင်းဝန်း လုပ်ကြံ   သတ်ဖြတ်ခဲ့ခြင်းကြောင့်   လည်းကောင်း၊  မြောက်ဥက္ကလာပ မြို့နယ်နေ   ဇော်လင်းထွန်း (ခ)ဇွဲကို(ခ)ဒီမွန်(ဘ)  ဦးကျော်လွင်၊   မြဌေးကို၊      အောင်ကောင်းခန့်၊ မဆောင်းလေပြေ (ခ) ဇူးဇူး(ဘ) ဦးဆန်းနိုင်ဦးတို့သည်     အပြစ်မဲ့ ပြည်သူများကို    သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊      ဒဂုံ မြို့သစ် (အရှေ့ပိုင်း)  မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ   အထက်တန်းပြ ဆရာမတစ်ဦးကို ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခြင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ၏   အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စု များအဖြစ် သတ်မှတ်ကြေညာထား သည့် အဖွဲ့အစည်းများနှင့်  ဆက် သွယ်ခြင်းကြောင့်လည်းကောင်း   စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ရာဇသတ်ကြီး  ဥပဒေ ပုဒ်မ ၃၀၂ (၁) (ခ) အရ  ၂၀၂၂ ခုနှစ် မတ် ၁၇ ရက်တွင် ၎င်းတို့အသီးသီး အား “သေဒဏ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

 


အဆိုပါ       ပြစ်ဒဏ်ချမှတ်ခံရသူ များအနက်မှ     ထွက်ပြေးလွတ် မြောက်နေသူများအား     ၎င်းနှင့် စပ်လျဉ်း၍   ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရဖမ်းဝ ရမ်းထုတ်ဆင့်ရန်  အမိန့်ချမှတ်ခဲ့ ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်  ထုတ် ပြန်ကြေညာထားသည့်     မြို့နယ် များအတွင်း  စစ်ခုံရုံးဖြင့်    စစ်ဆေး မည့်ပြစ်မှုဆိုင်ရာ    ၂၃   မျိုးကို  လည်း      ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန် ဆန်ဆန်   အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်