
ရန်ကုန် ဇူလိုင် ၁၀
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူ များထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ ပြစ်မှု ကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်း ဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၇ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ရာ ယခုဆိုလျှင် အလင်း ဝင်ရောက်လာသူ စုစုပေါင်း ၁၂၀ အား လွှဲပြောင်း အပ်နှံနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အလင်းဝင်ရောက် လာသူများကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အလင်း ဝင်ရောက်လာသူများနှင့် မိဘအုပ်ထိန်းသူများအနေ ဖြင့် ယခုလို ကြိုဆိုလက်ခံမှု အခြေနေတွေကို နီးစပ် ရာ သက်ဆိုင်သူများကိုပါ ပြောပြပြီး ထပ်မံစည်းရုံး ပေးကြရန် လိုပါကြောင်း၊ အလင်းဝင်ရောက်လာသူ များအနေဖြင့် ပြန်လည်ဝင်ရောက်လာကာ နောက်ပိုင်းကာလမှာ ကောင်းမွန်စွာနေထိုင်ပြီး နိုင်ငံအကျိုးပြုသူများ ဖြစ်လာစေရန် ကြိုးစားနေထိုင် ကြရန် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် တာဝန်ရှိသူများက ပြစ်မှု ကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်း ဝင်ရောက်လာသူ ၁၇ ဦးကို မိသားစုဝင်များထံ လွှဲပြောင်းအပ်နှံပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များ ၏ မိသားစုဝင်များ (ကိုယ်စား) အဒေါ် တော်စပ်သူ တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များနှင့် မိသားစုဝင် များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး လန်းဆန်းစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)