PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝင်းအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ

 

နေပြည်တော်   ဇန်နဝါရီ   ၁၆


မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့     ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး  သာသနာ  ၂၅၀၀ ဝင်းအတွင်း၌ ဇန်နဝါရီ ၁၄ ရက်  ညနေပိုင်းတွင်      လက်လုပ်မိုင်း ပေါက်ကွဲမှု    ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 


အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍    လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စိစစ်ခဲ့ရာ   ဇန်နဝါရီ ၁၄ ရက်  ညနေ  ၅  နာရီခန့်တွင် မဟာမုနိ  ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝင်းမြောက်ဘက် ၄၅ လမ်းဘက်မှ နေ၍  Click  ဆိုင်ကယ်  အမျိုး အစားဖြင့် စီးနင်းလာသည့် PDF အမည်ခံ    အကြမ်းဖက်သမား နှစ်ဦးက    လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ၎င်းဝင်းအတွင်းရှိ အဆောင်ရှေ့ ပန်းစိုက်ခင်းအတွင်း သို့     ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

 


CRPH ၊ NUG ၊ PDF  အမည်ခံ အကြမ်းဖက်အဖွဲ့များ   အနေဖြင့်  ရဟန်း၊   သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သီတင်း သုံးဆောင်ရာ   ဘုန်းတော်ကြီး ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း များကို  လုပ်ဆောင်လျက်ရှိသည့် အပြင်  ယခုကဲ့သို့   ပြည်သူတစ်ရပ် လုံး၏ အထွတ်အမြတ်ထား ပူဇော် လျက်ရှိသော မဟာမုနိရုပ်ရှင်တော် မြတ်ကြီးပါမကျန်  သာသနာတော်  ညှိုးနွမ်းပျက်စီးစေရန်နှင့်   အများ ပြည်သူ      အထိတ်တလန့်ဖြစ် စေရန်    လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူတစ်ရပ်လုံးက     ရွံရှာ မုန်းတီးလျက်ရှိကြောင်း  သတင်း ရရှိသည်။                

 

သတင်းစဉ်