
PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့
နေပြည်တော် ဇွန် ၁၉
ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြို့သာမြို့နှင့် ကမ္မရွာအကြားတွင် နယ်မြေလုံခြုံရေး ချီတက်ရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားစိစစ်ဆဲ PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား စတင်မိုင်းဆွဲ တိုက်ခိုက်ချိန်၌ သကျင်ရွာဘက်မှ မြို့သာမြို့ဘက်သို့ မောင်းနှင် လာသည့် ယာဉ်တစ်စီးသည် ပစ်ခတ်မှုဖြစ်ပွားနေသည့် နေရာ အတွင်းသို့ မောင်းနှင်ဝင်ရောက် လာခဲ့ရာ အဆိုပါယာဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားများ ၏ ပစ်ခတ်မှုကြောင့် ဖြစ်စဉ်နေရာ မှ မီတာ ၂၅၀ ခန့်တွင် လမ်းဘေး သို့ ထိုးကျ တိမ်းမှောက်သွားခဲ့ သည်။
ဖြစ်စဉ် ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ယာဉ်အား သွားရောက်စစ်ဆေးခဲ့ ရာ PDF အမည်ခံ အကြမ်းဖက် သမားများ၏ မိုင်းဆွဲတိုက်ခိုက် ပစ်ခတ်မှုများကြောင့် ယာဉ်ပေါ်၌ ပျံလွန်တော်မူနေသည့် ဆရာတော် တစ်ပါးအပါအဝင် ဒဏ်ရာရရှိနေ သည့် ဆရာတော်တစ်ပါးနှင့် ယာဉ်မောင်းတို့အား တွေ့ရှိ ကယ်ထုတ်နိုင်ခဲ့သည်။ ဖြစ်စဉ် တွင် ဦးခေါင်းနောက်စေ့တော်၌ လက်နက်ငယ် ထိမှန်ဒဏ်ရာရရှိ ပြီး ပျံလွန်တော်မူခဲ့သည့် ဆရာ တော်မှာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာ ဘိဝံသ မဟန(ငြိမ်း) ဟု သိရှိရပြီး မှန်ကွဲစဒဏ်ရာ ရရှိတော်မူခဲ့သည့် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ် ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း) ဖြစ်ကြောင်း သိရှိရကာ ယာဉ် မောင်း ဦးကျော်ဝင်းမှာ ဝဲဘက် လက်၌ လက်နက်ငယ် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ပဏာမ စစ်ဆေးတွေ့ရှိရသည်။
ဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့ သည့် ဆရာတော်၏ ရုပ်ကလာပ် တော်နှင့် ဒဏ်ရာရရှိထားသော ဆရာတော်၊ ယာဉ်မောင်းတို့အား မန္တလေးမြို့ တံတားဦးပြည်သူ့ ဆေးရုံမှတစ်ဆင့် နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ် ပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးကျော်ဝင်း ၏ ပြောကြားချက်ကိုလည်း ယခု လို သိရှိရသည်။
ကျွန်တော်ကတော့ ယာဉ် မောင်း ကိုကျော်ဝင်းဖြစ်ပါတယ်။ ဒီနေ့ ဆရာတော်နှစ်ပါး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနှင့် ဘဒ္ဒန္တဂုဏိကာ ဘိဝံသ ရွာမှာဓမ္မာရုံကိစ္စအကြောင်း အကျိုးလေးတွေ ရှိတဲ့အတွက် ကြောင့် ကျွန်တော်နဲ့အတူ ဆရာ တော်နှစ်ပါး ကြွလာပါတယ်။ ကမ္မရွာအထွက်မှာ PDF အကြမ်း ဖက်သမားက သေနတ်နဲ့ ခုနစ် ချက်ပစ်တဲ့အတွက်ကြောင့် ဆရာ တော် ဦးမုနိန္ဒာဘိဝံသ ပျံလွန် တော်မူပြီး ဦးဂုဏိကာဘိဝံသ နဲ့ ကျွန်တော်ကတော့ လက်အကြီး အကျယ်ဒဏ်ရာရပြီး တပ်မတော် က ကုသဆောင်ရွက်ပေးနေပါ တယ်။
အဆိုပါ ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ် ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း) နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော်နှစ်ပါးတို့သည် မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင် နိကာယ ဗဟိုဌာန)၌ ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်၌ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယ ဗဟိုဌာန၏ အစည်းအဝေးတွင် အကြိုညှိနှိုင်း ဆောင်ရွက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ် သို့ ယနေ့နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ကန်သုံးဆင့် ဆရာတော်၏ ဇာတိ ဖြစ်သော ငါန်းဇွန်မြို့နယ် ကမ္မရွာ သို့ တံတားဦး - ငါန်းဇွန်- သကျင်-ကမ္မ လမ်းကြောင်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားရောက် စဉ် အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်