
နေပြည်တော် မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့အတွင်း ယနေ့ညနေပိုင်းတွင် PDF အမည်ခံ အကြမ်း ဖက်သမားများက လက်လုပ်လက်နက်ကြီး များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းကြောင့် မြသိန်းတန် ကျောင်းတိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်တစ်ပါး ပျံလွန် တော်မူပြီး ဆရာတော် နှစ်ပါး၊ ကိုရင် တစ်ပါး နှင့် ကပ္ပိယ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ဇီးဖြူကုန်းကျေးရွာ လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နှင့် မေ ၁၀ ရက် တို့တွင် လက်လုပ်သေနတ်များ၊ လက်လုပ် စိန်ပြောင်းများဖြင့် လာရောက်နှောင့်ယှက်ပစ် ခတ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခုခံကာကွယ်မှုများကြောင့် ၎င်းတို့အထိနာ ကာ ဆုတ်ခွာထွက်ပြေးခဲ့ရမှုအပေါ် မကျေနပ် ခဲ့သည့်အတွက် ယနေ့ညနေပိုင်းတွင် ပုလဲမြို့ ပေါ်သို့ လက်လုပ်စိန်ပြောင်းများဖြင့် ဦးတည် ရာမဲ့ ရမ်းသန်းပစ်ခတ်မှုများကြောင့် ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုရင် တစ်ပါး ပျံလွန်တော်မူပြီး ဆရာတော် နှစ်ပါး၊ ကိုရင် တစ်ပါးနှင့် ကပ္ပိယ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရ ဆရာတော်များ၊ ကိုရင် နှင့် ကပ္ပိယတို့အား နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်