PDF အမည်ခံအကြမ်းဖက်သမားများက အများပြည်သူ အသက်အိုးအိမ်စည်းစိမ် သေကျေပျက်စီးစေရန်ရည်ရွယ်၍ ထောင်ထားသည့် မိုင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်သိမ်းဆည်း

 

နေပြည်တော်  ဒီဇင်ဘာ  ၂၄


အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG အမည်ခံအဖွဲ့များနှင့်  ၎င်းတို့၏လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့်   တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်အတွက် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ ဆေးရုံ၊  ဆေးခန်းများ၊  စာသင်ကျောင်းများနှင့်      ဘာသာရေးဆိုင်ရာ အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအပါအဝင် စသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများအား လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့  ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ     PDF အမည်ခံ   အကြမ်းဖက်သမား များက  ဒီဇင်ဘာ  ၂၂  ရက်တွင် မန္တလေးတိုင်း       ဒေသကြီး  နွားထိုးကြီးမြို့နယ်     ဝက်လူး ကျေးရွာအနီး၌      ဒေသန္တရ လက်လုပ်မိုင်း      ခုနစ်လုံးနှင့် ပဲကြီးခင်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (ပဲကြီးခင်း) ကျောင်းရှေ့တို့၌      ဒေသန္တရ လက်လုပ်မိုင်း   သုံးလုံးတို့အား ဒေသခံပြည်သူများနှင့်  ကျောင်း သား၊  ကျောင်းသူများ ထိခိုက်  သေကျေပျက်စီးစေရန်အတွက် မိုင်းထောင်ထားသည်ကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက     ရှာဖွေ တွေ့ရှိခဲ့သဖြင့်    သက်မဲ့ပြုလုပ် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

 


ဆက်လက်၍     လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာ များအတွင်း   ဝင်ရောက်ရှာဖွေ  စစ်ဆေးခဲ့ရာ    လူနေထိုင်ခြင်း မရှိသော နေအိမ်များနှင့် တဲများ အတွင်းမှ ဒေသန္တရ လက်လုပ်မိုင်း  မျိုးစုံအလုံး ၃၀၊ ယမ်းမှုန့်သုံးထုပ်၊  သံတိုသံစများ   ထည့်ထားသည့်  ဆာလာအိတ်များ၊  ကီးပတ်ဖုန်း မျိုးစုံ ၂၄ လုံးနှင့် ဆက်စပ်ပစ္စည်း များအား ထပ်မံသိမ်းဆည်းရမိခဲ့ သည်။

 


အလားတူ      နွားထိုးကြီး မြို့နယ်အတွင်း        လုံခြုံရေး ဆောင်ရွက်နေသည့်  တပ်ဖွဲ့ဝင် များသည်  သတင်းအရ  ရှာဖွေ စစ်ဆေးမှုများ  ဆောင်ရွက်စဉ် ပတ်ကူကျေးရွာအနီး ယာဉ်မောင်း  ဝေဖြိုးအောင်     (ဘ)ဦးသိန်းစိုး မောင်းနှင်လာသည့်   Hino  Dina အမျိုးအစား    မော်တော်ယာဉ်ကို   ရှာဖွေစစ်ဆေးချက်အရ ဆက်စပ် တရားခံများအား လက်ပစ်ဗုံးမျိုးစုံ  ၄၅ လုံး၊ AK- 47 ကျည်ဆန်တောင့် ၁၅၀၀၊  ၎င်းကျည်အိမ်  ၁၂  ခု၊ လျှပ်စစ်ဒီတိုနေတာ အခု ၅၀၊  WY စာတန်းပါမူးယစ်ဆေးဝါး အပြား ၃၀၀    ကို    ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

 


အထက်ပါ   ဖြစ်စဉ်များတွင် အများပြည်သူများအား ထိခိုက် နစ်နာ  သေကျေပျက်စီးစေရန် ရည်ရွယ်၍ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်ရန် ဆောင်ရွက် ခဲ့သူများနှင့်    ဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက်      လုံခြုံရေးတပ်ဖွဲ့ဝင် များက       လိုအပ်သည်များ ဆက်လက်      ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်