PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (တည်သီးတော)၌ စာသင်ကြားလျက်ရှိသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်ဖြင့် Drone ယာဉ်များ အသုံးပြုကာ လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်

 

နေပြည်တော်     ဇွန်    ၉


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် အခြေခံပညာ မူလတန်းလွန်ကျောင်း  (တည်သီးတော)  အား PDF အမည်ခံအကြမ်းဖက်သမားများက  ယနေ့နံနက်ပိုင်း တွင် Drone ယာဉ်များ  အသုံးပြုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရှိရသည်။

 


ဖြစ်စဉ်မှာ   ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် အခြေခံပညာ မူလတန်းလွန်ကျောင်း (တည်သီးတော)၌ ဆရာ ဆရာမများနှင့်  ကျောင်းသား ကျောင်းသူများအား စာသင်ကြားပေးနေစဉ် PDF အမည်ခံ အကြမ်းဖက် သမားများက ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက် ဖြင့် Drone ယာဉ်များ  အသုံးပြု၍ လက်လုပ်ဗုံးသီး များဖြင့်  လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ Drone  များသည်  ကျောင်း၏ အနောက်တောင်ဘက်သို့     မောင်းနှင်သွားသဖြင့်   အဆိုပါ ကျောင်းအနီး   လုံခြုံရေးဆောင် ရွက်နေသည့်     တပ်ဖွဲ့ဝင်များက  လက်နက်ငယ်များဖြင့်     လိုက်လံ ပစ်ချခဲ့ရာ DJI-1313 အမျိုးအစား Drone တစ်စင်းကို သိမ်းဆည်း ရမိခဲ့သည်။

 


အကြမ်းဖက်   သမားများ၏ Drone  ဖြင့်    ဗုံးခွဲမှုကြောင့်   ကျောင်းဝင်းအတွင်းရှိ    စာသင် ကျောင်းဆောင်များပေါ်သို့ ဗုံးသီး သုံးလုံး   ကျရောက်ပေါက်ကွဲခဲ့ ကြောင်းနှင့်   အဆိုပါပေါက်ကွဲ မှုကြောင့်  ကျောင်းဆောင်အမိုး များ ပေါက်ပြဲပျက်စီးခဲ့ကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင် သော စာသင်ကျောင်းများ၊ ဆရာ ဆရာမများနှင့်    ကျောင်းသား ကျောင်းသူများအား  ရည်ရွယ် ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာ   ကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။ 

 


ထို့အပြင် ဇွန် ၈ ရက် နံနက် ၈   နာရီခန့်တွင်   တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် ပုလဲကူ ကျေးရွာနေ   အဆိုပါကျေးရွာ  အခြေခံပညာ မူလတန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီး၏ နေအိမ်တံခါးပေါက်အနီးသို့ PDF အမည်ခံအကြမ်းဖက်သမားများ က   “ကလေးသူငယ်များအား ပညာသင်ကြားမှု     မပြုရန်နှင့် သင်ကြားမည်ဆိုပါက ဆရာမကြီး ရဲ့အသက်ကို အာမခံမပေးနိုင်ပါ” ဟူသောစာသားပါ ခြိမ်းခြောက်စာ တစ်စောင်ကို    9MM LUGER ကျည်တစ်တောင့်နှင့်အတူ ပေးပို့ ခြိမ်းခြောက်ခဲ့ကြောင်း   သိရှိရ သည်။

 


NUG အမည်ခံအကြမ်းဖက် အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမား များသည် အနာဂတ်ရင်သွေးငယ် များ၏ ပညာသင်ကြားသင်ယူခွင့်   အခွင့်အလမ်းများ   ပျက်ပြား၍   ပညာမဲ့လူတန်းစားများ   ဖြစ်ပေါ် လာစေရန်နှင့်      ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန်  ရည်ရွယ်ချက် များဖြင့်   ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ် ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ  အဆောက်အဦ များအား   မီးရှို့ဖျက်ဆီးခြင်း၊ မိုင်း ထောင်ဖောက်ခွဲခြင်း၊ အထောက် အကူပြုပစ္စည်းများနှင့် ကျောင်း သုံး ပုံနှိပ်စာအုပ်များ၊  ကျောင်းသုံး စာအုပ်များအား     မီးရှို့ဖျက်ဆီး ခြင်း၊  အတင်းအဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြု၍ ပညာရေးကဏ္ဍ    မြင့်မားရေးကို  နှောင့်ယှက်   ဖျက်ဆီးလျက်ရှိရာ   ပြည်သူများအနေဖြင့်  ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် စက်ဆုတ်ရွံရှာလျက်ရှိပြီး     အဖွဲ့ အသီးသီးကလည်း     ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချလျက်ရှိသည်။ 

 


ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန်     ရည်ရွယ်၍ ကျောင်းအဆောက်အဦများအား Drone  ယာဉ်များဖြင့်   ဖောက်ခွဲ ဖျက်ဆီးခဲ့သူများ၊   ကျောင်းအုပ် ဆရာမကြီး၏           နေအိမ်သို့ ခြိမ်းခြောက်စာပေးပို့ခဲ့သူများအား   အမြန်ဆုံး   ဖမ်းဆီးဖော်ထုတ်နိုင် ရေးအတွက်    လုံခြုံရေးတပ်ဖွဲ့ဝင် များက   ပြည်သူများနှင့် ပူးပေါင်း ၍     စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်