
ရန်ကုန် ဇူလိုင် ၁၁
ပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၄) အခွန်ဆိုင်ရာရှင်းလင်းပွဲကို ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း စိမ်းလဲ့မေရိပ်သာ လမ်းသွယ်ရှိ အဆိုပါရုံး၌ ပြုလုပ်သည်။
ရှင်းလင်းပွဲတွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၄)ဌာနမှူး ဒေါ်အိအိခိုင်က အမှာစကားပြောကြားသည်။ ထို့နောက် အလယ် အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄) ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နီလာရွှေက ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း ဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာ သည့်ကုမ္ပဏီများမှတာ၀န်ရှိသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
ယင်းအခွန်ဆိုင်ရာရှင်းလင်းပွဲသို့ စားသောက်ဆိုင်၊ ဟိုတယ်/တည်းခို ခန်း၊ ဖုန်းအရောင်းဆိုင်၊ ရွှေဆိုင်နှင့် မီဒီယာလုပ်ငန်းများလုပ်ကိုင်ကြ သည့် ကုမ္ပဏီ ၁၁၀ မှ တာဝန်ရှိသူ ၁၅၀ ကျော် တက်ရောက်ကြောင်း သိရသည်။
အာကာလင်း