
နေပြည်တော် ဒီဇင်ဘာ ၁၂
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူ လူထုအထိတ်တလန့်ဖြစ်စေရန် ဆေးရုံ၊ စာသင် ကျောင်းများ၊ နိုင်ငံတော်ပိုင် အဆောက်အအုံများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးခြင်း၊ ရက်စက်ယုတ်မာ စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်ဆောင် လျက်ရှိရာ အရွယ်မရောက်သေးသည့် ကလေးသူငယ် များကိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာ စေရန် သွေးထိုးမြှောက်ပင့်၍ အကြမ်းဖက်လုပ်ငန်း များကို လုပ်ဆောင်ရန် စေခိုင်းလျက်ရှိသည်။
ထိုသို့ စေခိုင်းလျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး ပေါက် မြို့နယ် ဆင်ဇာကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ကလေးသူငယ်များ ပညာသင်ကြားလျက် ရှိစဉ် အဖျက်အမှောင့်ဆောင်ရွက်ရန်အတွက် ကျောင်းရှေ့ခြံစည်းရိုးအုတ်တံတိုင်းအနီး၌ ခင်တန်း ရှည်ကျေးရွာနေ ဝေဖြိုးဦး (၁၇)နှစ် (ဘ) ဦးမျိုးသက် နှင့် ကူးကားကျေးရွာနေ အောင်ဆန်းငြိမ်း(၁၆)နှစ် (ဘ) ဦးရဲမြင့်တို့ နှစ်ဦးသည် လက်လုပ်မိုင်းထောင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အနီးမှ လက်လုပ်မိုင်းအပိုင်းအစများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ စာသင်ကျောင်းအား ဖောက်ခွဲတိုက်ခိုက် ရန်အတွက် မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဝေဖြိုးဦးနှင့် အောင်ဆန်း ငြိမ်းတို့ နှစ်ဦးကို ဆေးဝါးကုသမှုခံယူနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်းနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး သက်ဆိုင်ရာမှ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်