ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တရုတ်သမ္မတ ကြည့်ရှု

 

ပေကျင်း   ဇန်နဝါရီ   ၅ 


တရုတ်သမ္မတ     ရှီကျင့်ဖျင်သည် လာမည့် ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လာရောက်ကြည့်ရှုခဲ့သည်။ 
ပြိုင်ပွဲဖွင့်လှစ်ရန်   တစ်လ အလိုတွင် တရုတ်သမ္မတ ရှီကျင့် ဖျင်သည် အမြန်စီးစကိတ်ပြိုင်ပွဲကျင်းပမည့်    အဆောက်အအုံ၊ မီဒီယာစင်တာနှင့်  တခြားနေရာ များသို့    လာရောက်ကြည့်ရှုခဲ့ ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ 

 


အမျိုးသား   စကိတ်ပြိုင်ပွဲ ကျင်းပမည့် အဆောက်အအုံသစ် တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ဘေးကင်းစိတ်ချရပြီး ရိုးရှင်းကာ သဘာဝပတ်ဝန်းကျင်နှင့်   လိုက် လျောညီထွေရှိသည့်   ပွဲတော်များ သည် အောင်မြင်မှုကို ဆောင်ကြဉ်း ပေးလိမ့်မည်ဖြစ်ကြောင်း   ပြောခဲ့ သည်။

 


မီဒီယာစင်တာတွင်   သတင်း ထောက်များကို ပြောကြားရာတွင် ရှီက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ပွဲကြည့် ပရိသတ် ကန့်သတ်ချက်များရှိရာ ယခုလိုအချိန်တွင် မီဒီယာများ၏ အခန်းကဏ္ဍသည်    အရေးကြီး ကြောင်း ပြောကြားလိုက်သည်။ 

 


ထို့အပြင်   ရှီက   အားကစား ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင် ခြင်းဖြင့် နိုင်ငံတကာကို လွှမ်းမိုးမှု ရရှိအောင် ဝိုင်းဝန်းကူညီကြပါဟု မီဒီယာကို    တိုက်တွန်းပြောကြား လိုက်သည်။ 
လွန်ခဲ့သော     သီတင်းပတ် နှစ်သစ်မိန့်ခွန်းတွင်    ရှီက  အား ကစားပြိုင်ပွဲကျင်းပရန်   အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း  ပြော ကြားခဲ့သည်။  

အင်န်အိတ်ချ်ကေ