ပေကျင်း၌ အသက် သုံးနှစ်မှ ၁၁ နှစ်ကြား ကလေးများ ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုး

ပေကျင်း အောက်တိုဘာ ၂၈ တရုတ်နိုင်ငံ ပေကျင်းတွင် အသက် သုံးနှစ်မှ ၁၁ နှစ်ကြား ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးပေးနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားထားသော ကလေးများအနေဖြင့် ကူးစက်မှုဖြစ်ပွားပြီး ခြောက်လကြာပြီး နောက် ကာကွယ်ဆေးထိုးမှု ခံယူနိုင်ကြောင်း သိရသည်။ အောက်တိုဘာ ၂၇ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းတွင် လူပေါင်း၂၀ ဒသမ ၄၇ သန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးပြီးဖြစ်သည်။ ပေကျင်းတွင် လူဦးရေစုစုပေါင်း ၄၂ ဒသမ ၅ သန်းခန့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြောင်း သိရသည်။ ပေကျင်းတွင် နောက်ဆုံးကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားချိန်၌ ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၅ ဦးရှိခဲ့ပြီး လက္ခဏာမပြသယ်ဆောင်သူ နှစ်ဦးရှိကြောင်း သိရသည်။ ဆင်ဟွာ