ပေါ်တူဂီနိုင်ငံက အသက် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေးမည်

လစ္စဘွန်း   အောက်တိုဘာ   ၅


ပေါ်တူဂီနိုင်ငံသည် လာမည့်သီတင်းပတ်မှစတင်ကာ အသက်  ၆၅  နှစ်အထက်  အသက်အရွယ်ရှိသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။


ပေါ်တူဂီနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုတွင်  ကမ္ဘာပေါ်၌   ဒုတိယအများဆုံး ထိုးနှံပေးနိုင်သည့်နိုင်ငံဖြစ်ပြီး လက်ရှိတွင် နိုင်ငံလူဦးရေ စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်    ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။


ပေါ်တူဂီနိုင်ငံသည်  အသက်  ၆၅  နှစ်အထက် အသက်အရွယ်ရှိသူများအား   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး       တတိယအကြိမ်ထိုးနှံမှုကို အောက်တိုဘာ  ၁၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ပေါ်တူဂီနိုင်ငံ ကျန်းမာရေးဝန်ကြီး အန်တိုနီယိုဆေးလ် က ယနေ့တွင် ပြောကြားသည်။


ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးတတိယ အကြိမ်ထိုးနှံမည့်သူများသည်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူပြီးနောက် ခြောက်လကြာမှသာ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခွင့် ရရှိမည်ဖြစ်ကြောင်း လည်း သိရသည်။


ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်