
လစ္စဘွန်း ဒီဇင်ဘာ ၁၉
ပေါ်တူဂီနိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေးမှုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ခဲ့ ကြောင်း ပေါ်တူဂီကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်ရုံးက ပြောကြားသည်။
ကလေးငယ်စုစုပေါင်း ၄၁၂၀၀ ထိုးနှံပေး
အဆိုပါ အသက်အရွယ်ရှိကလေးငယ်များအား ကာကွယ်ဆေး စတင်ထိုးနှံပေးသည့်နေ့မှာပင် ကလေးငယ်စုစုပေါင်း ၄၁၂၀၀ အား ထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။
ပေါ်တူဂီနိုင်ငံအစိုးရ၏ ခန့်မှန်းချက်အရ ကလေးငယ်စုစုပေါင်း ၇၇၀၀၀ အားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှုကို လာမည့်နှစ်ဖေဖော်ဝါရီ ၅ ရက်နှင့် မတ် ၁၃ ရက်အကြား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပေါ်တူဂီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသည် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများဖြစ်ကြောင်း ပေါ်တူဂီ ကျန်းမာရေးဝန်ကြီး မာတာတီမီဒိုက ထုတ်ဖော်ပြော ကြားသည်။
ပေါ်တူဂီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၀၆၂ ဦးရှိကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၂ ဦး ထပ်မံ တွေ့ရှိကြောင်း ပေါ်တူဂီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်