
ဆောင်းပါး
=====
ဖွဲ့စည်းပုံအခြေခံဥပဒေကပြဋ္ဌာန်းသည့် အပြီးသတ်ဆုံးဖြတ်ချက်များ
=====================================
မောင်စာဂ
======
၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဖွဲ့အစည်းအချို့က ချမှတ် သော ဆုံးဖြတ်ချက်များသည် အပြီးအပြတ်အတည် ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားရှိသည်။ မည်ကဲ့သို့သော ဆုံးဖြတ်ချက်များ ဖြစ်ပါသနည်း။ မည်သို့ပြဋ္ဌာန်းထား ပါသနည်း။ အနှစ်ချုပ်မျှဝေပါရစေ။
အပြီးအပြတ်အတည်ဖြစ်သော ဆုံးဖြတ်ချက်များ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၅ ပုဒ်မခွဲ (ခ) တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော် ၏အမြင့်ဆုံးတရားရုံးဖြစ်သည့်အားလျော်စွာ နောက်ဆုံး အပြီးအပြတ် အယူခံဝင်ရာ တရားရုံးဖြစ်သည်ဟူ၍လည်း ကောင်း၊ ပုဒ်မခွဲ(ဂ)တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ် ဖြစ်၍ အယူခံဝင်ခွင့်မရှိစေရဟူ၍လည်းကောင်း ပြဋ္ဌာန်း ထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ တွင်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ် ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်ဟူ၍ ပြဋ္ဌာန်း ထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက် ချက်များ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၄၀၂ ၌ အောက်ပါကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီး အပြတ်အတည်ဖြစ်စေရမည်ဟူ၍ ပြဋ္ဌာန်းထားသည်-
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှု များ၊
(ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၃ ၌ စစ်ဘက် တရားစီရင်ရာတွင် -
(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်၊
(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆုံးအဖြတ် သည် အပြီးအပြတ်ဖြစ်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။
နှိုင်းယှဉ်လေ့လာချက်
အထက်ဖော်ပြပါပြဋ္ဌာန်းချက်များကို တစ်ခုနှင့်တစ်ခု သတိပြု၍ နှိုင်းယှဉ်လေ့လာကြည့်မိသည်။ အပြီးအပြတ် ဖြစ်သည်ဟူသော သဘောအဓိပ္ပာယ်ဖြင့် ရေးသားထား သော်လည်း ရေးသားဖော်ပြပုံအရ အနှစ်သာရချင်းမတူညီ သည့်သဘောဆောင်နေသည်ကို တွေ့ရသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့်မရှိစေရ ဟူ၍ ပြဋ္ဌာန်းထားသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့်
စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ် သည်ဟူ၍ ပြဋ္ဌာန်းထားသည်။
စစ်ဘက်တရားစီရင်ခြင်းနှင့်စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက် များနှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ် စေရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ဤပြဋ္ဌာန်းချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက် များသာမက ဆောင်ရွက်ချက်များလည်း ပါဝင်သည်ကို သတိမူမိသည်။ အပြီးအပြတ် အတည်ဖြစ်စေရမည်ဟူသော အရေးအသားမှာလည်း ကျန်သောအရေးအသားများနှင့် မတူသည်ကို တွေ့ရသည်။ ယင်းအရေးအသားသည် ပို၍လေးနက်သည့်အသွင်သဘောဆောင်သည်ဟု ဆိုနိုင် သည်။
ရွေးကောက်ပွဲနှင့် တရားရုံးစီရင်ပိုင်ခွင့်
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ
များ၏ ပုဒ်မ ၈၆ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ရွေးကောက်ပွဲခုံအဖွဲ့ တို့၏ ဤဥပဒေပါပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ မည်သည့် တရားရုံးတွင်မျှ စစ်ဆေးပိုင်ခွင့်မရှိစေရဟူ၍ ပြဋ္ဌာန်း ထားသည်။
ဤပြဋ္ဌာန်းချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ရွေးကောက်ပွဲခုံ
အဖွဲ့တို့၏ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်း၍ မည်သည့်တရားရုံးတွင်မျှ စစ်ဆေးပိုင်ခွင့် မရှိကြောင်း အဖွဲ့အစည်း၏ဆုံးဖြတ်ချက်နှင့် ဆောင်ရွက် ချက်အပေါ် တရားရုံး၏စီရင်ပိုင်ခွင့်ကို ကန့်သတ်ထားခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ
များ၏ ပုဒ်မ ၈၇ တွင် တရားဝင်အပ်နှင်းထားသော
လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ မိမိတာဝန်ကို သဘော ရိုးဖြင့် စွမ်းဆောင်နိုင်သမျှထမ်းဆောင်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ယင်းတို့၏ အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံအဖွဲ့နှင့် ရွေးကောက်ပွဲခုံ အဖွဲ့ဝင်များ၊ မဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းမခံထိုက်စေရ ဟူ၍ ပြဋ္ဌာန်းထားသည်။
ဤပြဋ္ဌာန်းချက်အရ မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော ရွေးကောက်ပွဲ တာဝန်ရှိသူ လူပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားစွဲဆိုမခံထိုက်စေရကြောင်း လူပုဂ္ဂိုလ်အပေါ်
တရားစွဲဆိုခြင်းကို တားမြစ်ထားခြင်းဖြစ်သည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၏ အခန်း (၁၃) ပုဒ်မ ၅၇ မှ ပုဒ်မ ၆၄ အထိ ပြဋ္ဌာန်းထားသော
ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားသည်။ ယင်းရွေး ကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦးဦးကဖြစ်စေ၊ မဲဆန္ဒနယ်အတွက် တာဝန်ယူဆောင်ရွက်ရသော ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် မဲရုံအဖွဲ့တစ်ခုခုတွင်ပါဝင်သော အဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ရွေးကောက်ပွဲ မကျင်းပမီသော်လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပသော နေ့မှ ၁၅ ရက်အတွင်းသော်လည်းကောင်း ဥပဒေနှင့်အညီ တိုင်တန်းလျှောက်ထားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဤပြဋ္ဌာန်းချက်အရ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ နှင့် စပ်လျဉ်း၍ တရားရုံးက စစ်ဆေးပိုင်ခွင့်ရှိကြောင်း ပြစ်မှုများအပေါ် တရားရုံးသို့စီရင်ပိုင်ခွင့်အပ်နှင်းထားသည် ကို တွေ့ရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် စီရင်ပိုင်ခွင့်
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ အခန်း (၁၄) ပုဒ်မ ၆၆ တွင် တရားမဲ့ပြုကျင့်မှုများကို ပြဋ္ဌာန်းထားသည်။ ရွေးကောက်ပွဲကျင်းပပြီးသည့်အခါ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရသူအား ယှဉ်ပြိုင်အရွေးခံသော လွှတ်တော်ကိုယ်စားလှယ် လောင်းကတင်သွင်းသော ရွေးကောက်ပွဲကန့်ကွက်လွှာများကိုလည်းကောင်း၊ ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့ သည့် မဲဆန္ဒရှင်များကတင်သွင်းသော ရွေးကောက်ပွဲ ကန့်ကွက်လွှာများကိုလည်းကောင်း ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးစီရင်ခြင်း ပြုရပါသည်။ [လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၈ နှင့် ၆၉]
ရွေးကောက်ပွဲခုံအဖွဲ့သည် အမှုစစ်ဆေးခြင်းကိစ္စနှင့်
စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေအရ တရားရုံးသို့ အပ်နှင်းထားသောအာဏာများကို ကျင့်သုံးဆောင်ရွက်ခွင့် ရှိသည်။ ထို့ပြင် အရေးပါသော သက်သေခံချက်များကို ထွက်ဆိုနိုင်မည်ဟုယူဆရသော မည်သည့်ပုဂ္ဂိုလ်ကိုမဆို မိမိသဘောအတိုင်း ဆင့်ဆို၍စစ်ဆေးနိုင်သည်။ [လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၇]
ရွေးကောက်ပွဲခုံအဖွဲ့သည် ရွေးကောက်ပွဲကန့်ကွက် လွှာများကို စစ်ဆေးရာတွင် သက်သေခံဥပဒေပါပြဋ္ဌာန်း ချက်များကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ [လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၈]
ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့် တစ်ခုခုကို မကျေနပ်သည့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူအဖြစ်ပါဝင်ခဲ့သူသည် သတ်မှတ်ထား သည့်ကာလအတွင်း သတ်မှတ်ထားသည့်နည်းလမ်း အတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားနိုင်သည်။ ပြင်ဆင်မှုလျှောက်ထားရာတွင် ဥပဒေရေးရာပြဿနာ ပေါ်ပေါက်မှသာ လျှောက်ထားခွင့်ရှိသည်။ [လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၄ (က)]
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားချက်ကို လက်ခံရရှိပါက လျှောက်ထားသူနှင့် လျှောက်ထားခံရသူအားဖြစ်စေ၊ ယင်းတို့၏ရှေ့နေ သို့မဟုတ် ကိုယ်စားလှယ်အားဖြစ်စေ လိုအပ်သလိုကြားနာပြီး အောက်ပါဆုံးဖြတ်ချက်တစ်ရပ် ရပ်ကို ချမှတ်နိုင်သည်-
(၁) ရွေးကောက်ပွဲခုံအဖွဲ့၏ဆုံးဖြတ်ချက်ကို အတည်ပြု ခြင်း၊
(၂) ရွေးကောက်ပွဲခုံအဖွဲ့၏ဆုံးဖြတ်ချက်ကို ပယ်ဖျက် ခြင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက် သည် အပြီးအပြတ်ဖြစ်သည်။ [လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၇၅ (က) နှင့် (ခ)]
ယခင်ကပြဋ္ဌာန်းခဲ့သည့်ဥပဒေများ
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေများ ရှိခဲ့သည်။ ယင်းအခြေခံဥပဒေများတွင် ရွေးကောက်တင်မြှောက်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ရသည့် ရွေးကောက်ပွဲကော်မရှင်နှင့် ယင်းအဖွဲ့၏ ဆုံးဖြတ်ချက် များ၊ ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည် ဖြစ်စေရမည်ဟူ၍ ပြဋ္ဌာန်းချက် မပါရှိခဲ့ပါ။
ထို့ပြင် ယခင်ကပြဋ္ဌာန်းခဲ့သည့် ရွေးကောက်တင်မြှောက် ခြင်းနှင့်သက်ဆိုင်သည့် ဥပဒေများတွင်လည်း ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများတွင် ရွေးကောက်ပွဲကော်မရှင်နှင့် ယင်း၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်ဟူသည့် ပြဋ္ဌာန်းချက်များမပါရှိခဲ့ပါ။
ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်ပါစေ
ယခုအခါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတရားရုံးများက စစ်ဆေးစီရင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ တရားမဲ့
ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော်ကိုယ် စားလှယ်များနှင့် မဲဆန္ဒရှင်များက လျှောက်ထားသည့်
ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံအဖွဲ့အသီးသီးက စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်သည်။ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများသည် ယခင် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများထက် ပိုမိုများပြား သည်။
ယင်းကန့်ကွက်လွှာအမှုများကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာလျက် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေး ဆုံးဖြတ်သွားနိုင်မည် ဟုယုံကြည်သည်။ ထို့အတူ သက်ဆိုင်သူ များအားလုံးကလည်း ဥပဒေ၏အဆုံးအဖြတ်ကို လေးစား ခံယူနိုင်ကြမည်ဟု ယုံကြည်သည်။ အဓိကမှာ ရွေးကောက်ပွဲ တိုင်းတွင်ကြုံတွေ့ရလေ့ရှိသည့် ကန့်ကွက်လွှာအမှုများ အပေါ် တရားသဖြင့် မှန်ကန်စွာစစ်ဆေးဆုံးဖြတ်ခြင်းဖြင့် ပြည်သူတို့၏ဆန္ဒ၊ ပြည်သူတို့၏ဘဝကို အလေးထားဆောင်ရွက် ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ ပေါ်ထွက်လာစေ ကြောင်းပါဗျာ။
m ဥပဒေနှင့်အညီ တရားသဖြင့် မှန်ကန်စွာ ဆုံးဖြတ် နိုင်ကြပါစေ။
m ဥပဒေ၏အဆုံးအဖြတ်ကို သက်ဆိုင်သူများ အားလုံးက လေးစားခံယူနိုင်ကြပါစေ။
m ပြည်သူတို့၏ဆန္ဒ၊ ပြည်သူတို့၏ဘဝကို အလေးထား မြှင့်တင်ဆောင်ရွက်နိုင်ကြပါစေ။
- Log in to post comments