ဖေဖော်ဝါရီ ၂၅ ရက် ကျင်းပမည့် Full Circle ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ စိန်ခေါ်ပွဲ ပါဝင်မည်

 

ရန်ကုန်   ဖေဖော်ဝါရီ   ၄


ONE Championship က စီစဉ်သည့် Full Circle အမည်ရ MMA ပြိုင်ပွဲကို ဖေဖော် ဝါရီ ၂၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ် မည်ဖြစ်ပြီး   မြန်မာ  MMA  ဖိုက်တာ အောင်လအန်ဆန်နှင့်   ရုရှားနိုင်ငံသား ဗစ်တာလီ    ဘစ်ဒက်ရှ်တို့၏     ပါဝင်လာမည်ဖြစ်သည်။                  

 

                 
Full Circle အမည်ရ MMA ပြိုင်ပွဲတွင် တွဲဆိုင်း ၁၄ ပွဲ ပါဝင်မည်ဖြစ်ပြီး  စိန်ခေါ်ပွဲ ၁၁ ပွဲ၊ ကမ္ဘာ့ချန်ပီယံလုပွဲ သုံးပွဲပါဝင်မည် ဖြစ်သည်။

 


ယင်းပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း  ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ်   လက်ရှိ ချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါ နှင့် စိန်ခေါ်သူ ကာဂျစ္စတန်   နိုင်ငံသား အဘာဆော့ဗ်၊   လိုက်ဟဲဗီးဝိတ်တန်း ကစ်ဘောင်ဆင်      ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် လက်ရှိချန်ပီယံ ယူကရိန်းနိုင်ငံ သား ရိုမန်နှင့် စိန်ခေါ်သူ နယ်သာလန်/တူရကီနိုင်ငံသား မူရတ်၊ ဖယ်သာဝိတ် တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ထိုင်းနိုင်ငံသား ပတ်ချာ မိုရာကော့သ်နှင့်စိန်ခေါ်သူ ရုရှားနိုင်ငံသား  ဂျမေးလ်ယူဆူ ပေါ့ဗ်တို့  ယှဉ်ပြိုင်ထိုး သတ်မည်ဖြစ်ပြီး    မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း  နှစ်ဦးဖြစ်သည့် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်ပွဲကို မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ်ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်သည်။ အောင်လ အန်ဆန်နှင့် ဘစ်ဒက်ရှ်သည် တတိယ အကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရထား သည်။ ယင်းကစား သမားနှစ်ဦးသည် ပြီးခဲ့သည့် နှစ်ကြိမ်တွေ့ဆုံရာတွင် ကမ္ဘာ့ ချန်ပီယံလုပွဲအဖြစ်   ယှဉ်ပြိုင်ထိုးသတ် ရခြင်းဖြစ်ပြီး      ယခုအကြိမ်တွင်မူ  စိန်ခေါ်ပွဲအဖြစ်      ထိုးသတ်ရခြင်းဖြစ် သည်။

 


အောင်လအန်ဆန်သည် မစ်ဒယ် ဝိတ်တန်း  ကမ္ဘာ့ချန်ပီယံဆုကို  ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် လက်လွှတ် ရပြီးနောက်ပိုင်း    စိန်ခေါ်ပွဲများသာ ထိုးသတ်နေရပြီး ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်ခွင့်  မရသေးကြောင်း သိရသည်။     အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်ပွဲမှ  အနိုင်ရသူမှာ လာမည့်ပွဲ တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို   ပြန်လည်စိန်ခေါ်ခွင့်   ရဖွယ်ရှိနေ သည်။


သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ ONE Championship